ဟားခါးမြို့ ပြည်သူ့ဆေးရုံအတွက် အောက်ဆီဂျင် လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်တော့မည်

 

ဟားခါး   သြဂုတ်   ၁၁


ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးအတွက် တပ်မတော် ကလှူဒါန်းသည့် အောက်ဆီဂျင် Plant မှ ကျန်ရှိသည့် ဆက်စပ်ပစ္စည်းများကို ဩဂုတ် ၁၀ ရက်က ရဟတ် ယာဉ်ဖြင့် ထပ်မံရောက်ရှိလာရာ အနောက်မြောက် တိုင်းစစ်ဌာနချုပ်   ဒုတိယတိုင်းမှူး   ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်နှင့်အဖွဲ့က    သွားရောက်စစ်ဆေးပြီး ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီး  တာဝန်ရှိသူများက Oxygen Plant ထားရှိမည့်နေရာသို့ ပို့ဆောင်ပေး သည်။

 


ယခုအသစ်ရောက်ရှိလာသည့် အောက်ဆီဂျင် Plant ဆက်စပ်ပစ္စည်းများမှာ ဩဂုတ် ၉ ရက်က ရောက်ရှိလာသည့် တပ်မတော်မှလှူဒါန်းသော အောက်ဆီဂျင် Plant မှကျန်ရှိသည့်   ဆက်စပ်ပစ္စည်း များ ဖြစ်ကြောင်း၊ အောက်ဆီဂျင် Plant တပ်ဆင်ပြီး စီးပါက တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင် အိုး ၃၄ လုံး   ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သော ကြောင့် ဟားခါးမြို့   ပြည်သူ့ဆေးရုံကြီးအတွက်  အောက်ဆီဂျင် လိုအပ်ချက်ကို များစွာအထောက်အကူ ပြုမည်ဖြစ်ကြောင်း သိရသည်။    

ခရိုင် (ပြန်/ဆက်)