ဟားခါးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

 

ဟားခါး   မေ   ၁၄


ချင်းပြည်နယ်     အစိုးရအဖွဲ့က ဦးဆောင်၍   ဟားခါးမြို့  အမှတ် (၂)  အခြေခံပညာ  အထက်တန်း ကျောင်းဝင်းအတွင်းရှိ    ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်း ရေး  ဆောင်ရွက်မှုကို  ယနေ့နံနက် ပိုင်းက ပြုလုပ်ရာ ပြည်နယ်ဝန်ကြီး ချုပ်   ဦးငွန်ဆန်းအောင်   တက် ရောက် ကြည့်ရှုအားပေးသည်။

 


ထိုသို့     ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာ တွင် နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ မှ တပ်မတော်သားများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စည်ပင် သာယာရေးအဖွဲ့    ဝန်ထမ်းများ စုစုပေါင်း အင်အား ၁၅၀  ခန့်ဖြင့် အမှတ် (၂) အခြေခံပညာ အထက် တန်း ကျောင်းဝင်းအတွင်း ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်း ခြင်း၊ ပေါင်းမြက်များနှင့် အမှိုက် များ ရှင်းလင်းခြင်းတို့ကို စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။

 


အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို   ပြည်နယ် ဝန်ကြီးချုပ်  ဦးငွန်ဆန်းအောင်၊ အနောက်မြောက်တိုင်း   စစ်ဌာန ချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊    ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် စစ်ဗျူဟာ အခြေချ(ဟားခါး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်းနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများကကြည့်ရှု အားပေးကြပြီး ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် သည့် တပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်း များအား စားသောက်ဖွယ်ရာများ ဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။

 


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်    ဟားခါးမြို့ အမှတ် (၂) အခြေခံပညာ အထက်  တန်းကျောင်းဝင်းအတွင်း  စာသင် ဆောင်အတွက်    အသစ်ဆောက် လုပ်ထားသော    သုံးထပ်ဆောင် သစ်     ဆောက်လုပ်ပြီးစီးမှုကို သွားရောက်    စစ်ဆေးခဲ့ကြောင်း သိရသည်။        

ခရိုင်(ပြန်/ဆက်)