ဂျူကွမ်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုဟ်တုသစ်တစ်လုံး တရုတ် လွှတ်တင်

 

ဂျူကွမ်း    စက်တင်ဘာ   ၂၁ 


တရုတ်နိုင်ငံသည် နိုင်ငံအနောက်မြောက်ပိုင်း ဂိုဘီသဲကန္တာရရှိ ဂျူကွမ်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုဟ်တုသစ်တစ်လုံးကို  စက်တင်ဘာ ၂၁ ရက်က ပတ်လမ်းထဲသို့လွှတ်တင်လိုက်သည်။ 

 


ယွန်ဟိုင်း-၁ ၀၃ ဂြိုဟ်တုကို  လောင့်မာ့ချ်-၂ ဒီ သယ်ဆောင်ရေး ဒုံးပျံဖြင့် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၁၅ မိနစ်တွင် လွှတ်တင်လိုက် ခြင်းဖြစ်သည်။

 


ဂြိုဟ်တုကို   လေထု၊   အဏ္ဏဝါနှင့်  အာကာသပတ်ဝန်းကျင်များကို ထောက်လှမ်းခြင်း၊ သဘာဝဘေး အန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါး သက်သာစေရေးနှင့် သိပ္ပံနည်းကျစမ်းသပ်မှုများအတွက် အဓိကအားဖြင့် အသုံးပြုသွားမည်ဖြစ်သည်။ 
ယခုလွှတ်တင်မှုသည် လောင့်မာ့ချ်ဒုံးပျံအုပ်စု၏ (၄၃၈) ကြိမ်မြောက် လွှတ်တင်ခြင်းဖြစ်သည်။                     

ဆင်ဟွာ