ဂူဂဲလ်၏ မိခင်ကုမ္ပဏီ အယ်လ်ဖာဘက်က အလုပ်အကိုင်နေရာပေါင်း ၁၂၀၀၀ လျှော့ချ

 

ဆန်ဖရန်စစ္စကို    ဇန်နဝါရီ   ၂၁
ဂူဂဲလ်၏ မိခင်ကုမ္ပဏီဖြစ်သည့် အယ်လ်ဖာဘက် သည် ကမ္ဘာတစ်ဝန်းရှိ ၎င်း၏ လုပ်သားအင်အား  ၆ ရာခိုင်နှုန်းခန့်(ရာထူးနေရာပေါင်း ၁၂၀၀၀)ကို  အစုလိုက်အပြုံလိုက်    ရာထူးမှ   ရပ်စဲကြောင်း ဇန်နဝါရီ ၂၀ ရက်တွင် ကြေညာခဲ့သည်။
ယင်းကိစ္စတွင် ပါဝင်သူအားလုံးကို ကုမ္ပဏီ၏ စီအီးအိုဖြစ်သူ ဆန်းဒါး ပီချိုင်းက တောင်းပန်စကား ဆိုလိုက်ပြီး   အယ်လ်ဖာဘက်၏   ဒေသဆိုင်ရာ၊ ထုတ်လုပ်မှုဆိုင်ရာနှင့် လုပ်ငန်းအဆင့်ဆင့်တိုင်းမှ ဝန်ထမ်းများအား      ထုတ်ပယ်လိုက်ရသည်ကို များစွာဝမ်းနည်းမိကြောင်း ၎င်းကဆိုသည်။ 
ဂူဂဲလ်၏ရုံးချုပ်နှင့် ဆန်ဖရန်စစ္စကို ပင်လယ် ကမ်းခြေဒေသတစ်လျှောက်ရှိ အခြေစိုက်ရုံးများမှ လူပေါင်းမည်မျှ ထိခိုက်မည်ကို  ချက်ချင်းမသိရသေး ဘဲ ယမန်နှစ်က  အစီရင်ခံစာများအရ   ယင်းကုမ္ပဏီ ရုံးချုပ်၌ ဝန်ထမ်း ၄၅၀၀၀ ခန့်ရှိသည်။   ကယ်လီ ဖိုးနီးယားပြည်နယ်တွင် အခြေစိုက်သော အယ်လ် ဖာဘက် ကုမ္ပဏီသည်   ယခင်နှစ်က   ဝန်ထမ်း ၁၅၀၀၀၀ ခန့်မှ ယခုနှစ် စက်တင်ဘာလကုန်တွင် ဝန်ထမ်းပေါင်း ၁၈၇၀၀၀ နီးပါးအထိ ရှိခဲ့သည်။ 
နည်းပညာမြင့်ကဏ္ဍတွင်       မကြာသေးမီက ပြုလုပ်သည့်ရာထူးမှ  ရပ်စဲမှုများစွာသည် စီးပွားရေး   နှေးကွေးသွားသောကြောင့် ပြန်လည်ချိန်ညှိမှု၏   တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း  စီးပွားရေးပညာရှင်များက ဆိုသည်။ 
ဆန်းဒါးပီချိုင်း၏       ထောင်နှင့်ချီ သော အလုပ်သမားများ၏ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများကို     ရုပ်သိမ်း လိုက်ခြင်းသည် ၂၀၂၂ ခုနှစ် နောက်ဆုံးသုံး လပတ်   တစ်ခုတည်း၌ပင်   အမြတ်ငွေ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံရှိသည့် ကုမ္ပဏီတစ်ခု၏   ယုတ်မာပြီး   လက်မခံ နိုင်စရာ     အပြုအမူတစ်ခုဖြစ်ကြောင်း အယ်လ်ဖာဘက်   အလုပ်သမားသမဂ္ဂ အဖွဲ့၏ အမှုဆောင်ဥက္ကဋ္ဌ ပရူးကောလ်က ကြေညာချက်တစ်ခုတွင်       ပြောကြား သည်။ 
ဆင်ဟွာ