ဂုဏ်ယူစွာဖြင့် အမှုတော်ထမ်းရွက်

Type

 

ရွှေကျား

နိုင်ငံတစ်နိုင်ငံအတွက်          နယ်မြေတည်တံ့မှု၊ အချုပ်အခြာအာဏာပိုင်စိုးမှုနဲ့ အမျိုးသားလွတ်လပ် ရေး အဓွန့်ရှည်တည်တံ့ဖို့အတွက်        နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ဖို့ နိုင်ငံသားတိုင်းမှာ တာဝန် ရှိပါတယ်။ နိုင်ငံတိုင်းက မိမိတို့နိုင်ငံကို ကာကွယ်ဖို့ ကာကွယ်ရေးစီမံချက်အသီးသီးကို  ချမှတ်ကြတဲ့ အခါ နိုင်ငံအများစုမှာ အရွယ်ရောက်သူ  နိုင်ငံသား တိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းအကောင် အထည်ဖော်ကြလေ့ရှိပါတယ်။


စစ်မှုထမ်းခြင်းဆိုတဲ့ Military Service တင် မက စစ်ရေးမဟုတ်တဲ့ အရပ်ဘက်လုံခြုံရေး၊ ဘေး အန္တရာယ်ကာကွယ်ရေးနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေး တွေမှာ အရည်အချင်းပြည့်မီသူတွေကို အချိန်ကာလ တစ်ခု   သတ်မှတ်ပြီး    မဖြစ်မနေအမှုထမ်းကြဖို့ ဆိုရှယ်လစ်နိုင်ငံတွေ၊    ဒီမိုကရေစီနိုင်ငံတွေမှာ လက်တွေ့ကျင့်သုံးခဲ့ကြပြီး အောင်မြင်မှုတွေလည်း ရှိခဲ့ကြပါတယ်။
စစ်မှုမထမ်းမနေရ အယူအဆဟာ (၁၉) ရာစု လောက်က ဥရောပနိုင်ငံတွေမှာ စတင်ပေါက်ဖွား လာခဲ့ပြီး ပြည်ပရန်ကို ကာကွယ်ဖို့ ရည်ရွယ်ပါတယ်။ စစ်မှုထမ်းဥပဒေဆိုတာ နိုင်ငံအသီးသီးရဲ့ Military Doctrine လို့ဆိုရမယ့် စစ်သဘောတရားနဲ့လည်း ဆက်စပ်မှုရှိပါတယ်။ စစ်တပ်နဲ့ လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံသားတွေ ပေါင်းစည်းပေးတဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။ လက်ရှိမှာ အစ္စရေး၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဗီယက်နမ်၊ လက်တင်အမေရိက   နိုင်ငံအချို့နဲ့ ဥရောပ၊ အာရှနိုင်ငံတွေမှာ ကျင့်သုံး နေကြပြီး အချို့နိုင်ငံတွေကတော့  ဥပဒေပြဋ္ဌာန်း ထားပေမယ့် လက်တွေ့အကောင်အထည်မဖော်ကြ တာတွေနဲ့ အရေအတွက် အနည်းငယ်စီ ဆင့်ခေါ် စုဆောင်းတာတွေကို     နိုင်ငံလိုအပ်ချက်အလိုက် လုပ်ဆောင်ကြတာကို တွေ့ရှိရပါတယ်။


မိမိတို့နိုင်ငံမှာတော့ ရှေးဘုရင်တွေက အသက် ၂၀ က ၅၀ အကြား အစုမျိုးရိုးက အမျိုးသားတွေကို အရန်တပ်စစ်သည်တွေအဖြစ်   စစ်မှုထမ်းစေခဲ့ပါ တယ်။  မြင်းစု    အစုမျိုးရိုးကတော့        မြင်းတွေကို ကောင်းကောင်း လေ့ကျင့်မွေးမြူကြရပြီး အသက် ၂၀ ကနေ ၄၀ အထိ အချိန်ပြည့် အမြဲတမ်းမြင်းစီးသူရဲ တွေအဖြစ် စစ်မှုထမ်းကြရပါတယ်။ သွေးသောက်စု ကတော့ ဘုရင့်အမြဲတမ်းတပ်မတော်ရဲ့   စစ်ရေး ကေဒါတွေဖြစ်ပြီး  စစ်မက်ဖြစ်ပွားခဲ့ရင် အရန်တပ် တွေရဲ့ တပ်မှူးငယ်တွေ၊ စစ်ဦးစီးငယ်တွေ၊ တပ်ထိန်း တွေအဖြစ် အမှုထမ်းရပါတယ်။


ပုဂံခေတ်မှစ၍ ထောင်ပြုမြို့၊ ရာပြုမြို့ စသည့် မြို့ပြများတည်ရပြီး စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရတဲ့အခါ မြို့အလိုက် လူဦးရေ ထောင်ဂဏန်း၊   ရာဂဏန်း လာရောက်စစ်မှုထမ်းရပါတယ်။   လွတ်လပ်ရေး တိုက်ပွဲဝင်ကာလ   ဗန်ကောက်မြို့မှာ  လူအင်အား ၂၀၀ နဲ့ စတင်ခဲ့တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်ဟာ ခြောက်လဝန်းကျင်မှာတင်  အင်အားငါးသောင်း အထိ စည်းရုံးနိုင်ခဲ့ခြင်းမှသည် လွတ်လပ်ရေးတိုက်ပွဲ ဝင်ကြတဲ့အထိ သမိုင်းမှတ်တမ်းတွေက  ပြည်သူ တွေ စစ်မှုထမ်းခဲ့ကြတဲ့ သာဓကပဲ မဟုတ်ပါလား။ မြန်မာနိုင်ငံအနေနဲ့ ၁၉၆၇ ခုနှစ်မှာ ပြည်သူ့စစ်မဟာ ဗျူဟာကို ရေးဆွဲအကောင်အထည်ဖော်နိုင်ခဲ့တဲ့ အတွက် ပြည်သူတွေအားလုံးပါဝင်တဲ့ ပြည်သူ့စစ် မဟာဗျူဟာကြောင့် တရုတ်ဖြူကူမင်တန် ကျူးကျော် စစ်၊  ပြည်တွင်းသောင်းကျန်းမှုတွေကို ကျော်လွှား အောင်မြင်နိုင်ခဲ့ပါတယ်။   ယနေ့ကာလမှာလည်း   လက်ရှိ နိုင်ငံရဲ့အခြေအနေအရ    ပြည်သူ့စစ်မဟာ ဗျူဟာ ပြည်သူအားလုံးပါတဲ့   အမျိုးသားအမှုထမ်း စနစ်ကျင့်သုံးဖို့ လိုအပ်လာခဲ့ပြီ ဖြစ်ပါတယ်။


ပြည်သူ့စစ်မှုထမ်းဥပဒေ 
စတင်အာဏာတည်


မိမိတို့နိုင်ငံရဲ့ အသက်သွေးလို့ တင်စားလို့ရတဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ  (၂၀၀၈ ခုနှစ်) ပြဋ္ဌာန်းချက်တွေအနက် ပုဒ်မ ၃၈၅ မှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ရဲ့ လွတ်လပ်ရေး၊ အချုပ် အခြာအာဏာနဲ့       နယ်မြေတည်တံ့ခိုင်မြဲရေးကို  ကာကွယ်စောင့်ရှောက်ရေးအတွက် နိုင်ငံသားတိုင်း တွင် တာဝန်ရှိတယ်လို့ ပြဋ္ဌာန်းထားသလို၊ ၃၈၆ မှာ တော့ နိုင်ငံသားတိုင်း ဥပဒေပြဋ္ဌာန်းချက်များနဲ့အညီ စစ်ပညာသင်ကြားဖို့နဲ့   နိုင်ငံတော်ကာကွယ်ရေး အတွက် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိကြောင်းနဲ့ အခြေခံဥပဒေ ၃၃၉ မှာတော့ နိုင်ငံတော်ကို ပြည်တွင်း/ ပြည်ပအန္တရာယ်မှကာကွယ်ဖို့     တပ်မတော်က ဦးဆောင်ရမယ်၊ ပုဒ်မ ၃၄၀ မှာ   တပ်မတော်ဟာ အမျိုးသားကာကွယ်ရေးနဲ့     လုံခြုံရေးကောင်စီရဲ့ သဘောတူညီချက်နဲ့      နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးမှာ    ပြည်သူတစ်ရပ်လုံးပါဝင်ရေး အတွက် စီမံဆောင်ရွက်ခွင့်ရှိတဲ့အပြင် တပ်မတော်ရဲ့ ဦးဆောင်မှုနဲ့ ပြည်သူ့စစ်မဟာဗျုဟာ ဖော်ဆောင် ရမယ်လို့ အတိအလင်း ပြဋ္ဌာန်းထားပါတယ်။


အဲဒီလိုအချက်တွေကြောင့်ပဲ   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်တဲ့နေ့အဖြစ်  ဖေဖော်ဝါရီလ ၁၀ ရက်နေ့က သတ်မှတ်ကြေညာခဲ့ပါတယ်။ ဒီဥပဒေ က အခုချက်ချင်း စတင်ပြဋ္ဌာန်းလိုက်တဲ့   ဥပဒေ မဟုတ်ပါဘူး။ ၁၉၅၉ ခုနှစ်ကတည်းက ပြဋ္ဌာန်းထား တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်မှာ ပြန်လည်ပြင်ဆင်သတ်မှတ်ထားတာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ အမျိုးသားအားလုံး၊ အသက် ၁၈ နှစ်မှ ၂၇ နှစ်အထိ    အမျိုးသမီးတွေ အားလုံးတို့က   စစ်မှုထမ်းဆောင်ကြရမှာဖြစ်ပြီး စက်မှုလက်မှုအပါအဝင် ကျွမ်းကျင်ပညာရှင်ဖြစ်မယ် ဆိုရင် အမျိုးသားတွေက ၄၅ နှစ်အထိ၊ အမျိုးသမီး များက ၃၅ နှစ်အထိ အကျုံးဝင်ပါတယ်။    စစ်မှု ထမ်းဆောင်ရမယ့်ကာလကတော့ ၂၄ လ (နှစ်နှစ်) ဖြစ်ပါတယ်။ ကျွမ်းကျင်ပညာရှင်များအနေနဲ့ ၃၆ လ (သုံးနှစ်) ဖြစ်ပါတယ်။


စစ်မှုထမ်းဆောင်ဖို့ကင်းလွတ်ခွင့်၊   ကာလတို ယာယီရွှေ့ဆိုင်းခွင့် စတဲ့သတ်မှတ်ချက်တွေ၊ လိုက်နာ ရမယ့် သတ်မှတ်ချက်တွေနဲ့ အကျိုးခံစားခွင့်တွေ၊ ဖောက်ဖျက်ပါက ပြစ်မှုပြစ်ဒဏ်တွေကိုလည်း ဥပဒေ မှာ ထည့်သွင်းထားပါတယ်။ စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့တွေကို မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနဲ့  ဗဟို အဆင့်ဆင့် ဖွဲ့စည်းမှာဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေး ရုံးတွေကနေ နှစ်စဉ် စစ်မှုထမ်းဖို့အရွယ်ရောက်သူစာရင်းကို ဇန်နဝါရီလ ၁ ရက်ထက် နောက်မကျ ဘဲ စုဆောင်းပေးပို့ရမယ်လို့ ဥပဒေမှာပါရှိပါတယ်။ အသက်မီသူတွေကို မြို့နယ်အလိုက် မှတ်ပုံတင်ထား ပြီး ဆေးစစ်ဆေးမှုခံယူပြီးမှသာ စစ်မှုထမ်းဖို့ ဥပဒေ နဲ့အညီ ဆင့်ခေါ်သွားမှာ ဖြစ်ပါတယ်။


အလေ့အကျင့်ကောင်းတွေရရှိစေ 


နိုင်ငံတကာမှာလည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံကြား ပေါ်ပေါက်လေ့ရှိတဲ့ကိစ္စရပ်တွေအတွက် နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကို အလေးထားတဲ့အနေနဲ့ ပြည်သူတိုင်း စစ်ပညာတတ်မြောက်ရမယ်၊   စစ်မှု ထမ်းအတွေ့အကြုံရှိရမယ်၊ အချိန်မရွေး  စစ်တိုက် တတ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ စစ်မှုထမ်း ကြရပါတယ်။ စစ်မှုထမ်းကြရတဲ့အခါ    အကြိုလေ့ကျင့် မှုတွေကြောင့် နိုင်ငံသားလူငယ်တွေဟာ   ကာယ သန်စွမ်းမှု၊ နိုးကြားဖျတ်လတ်မှု၊ စည်းစနစ်ကျနမှု၊ တိကျသေချာမှု၊ အမိန့်နာခံတတ်မှုနဲ့   အများနဲ့ယှဉ်တွဲ နေထိုင်တတ်မှုတွေအပြင်   အဓိက အရေးကြီးဆုံး ဖြစ်တဲ့ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တွေ  ကိန်းအောင်း လာနိုင်စေပါတယ်။ ဒါ့အပြင် အခြေခံကျွမ်းကျင်မှု တွေ၊ အခြေခံသိမှုနယ်ပယ်တွေ    ပိုမိုမြှင့်တင်ရာ ရောက်တဲ့အပြင် ကျန်းမာကြံ့ခိုင်တဲ့   အလေ့အကျင့် ကောင်းတွေကိုလည်း ရရှိနိုင်စေပါတယ်။


ကမ္ဘာမှာ  စစ်မှုမထမ်းမနေရ  ဥပဒေပြဋ္ဌာန်းပြီး တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ ၁၈ နိုင်ငံရှိတယ်လို့ သိရှိရပါတယ်။ မိမိတို့နဲ့အနီးဆုံး စင်ကာပူနိုင်ငံဟာ လွတ်လပ်ရေးရပြီးစကတည်းက ပြည်သူ့တပ်မတော် ဆိုတဲ့ မိုဒယ်ကိုယူထားသလို  စစ်မှုမထမ်းမနေရ စနစ်ကို ကျင့်သုံးပါတယ်။ ဒါကြောင့် ၂၀၀၄ ခုနှစ် ကတည်းက လေ့ကျင့်ရည်ပြည့်ဝတဲ့  စစ်သည်  ခုနစ် သောင်းကျော်ကို အရန်အင်အားအဖြစ် တည်ဆောက် ထားနိုင်ခဲ့ပါတယ်။ မိမိတို့ နိုင်ငံသားလူငယ်တွေနဲ့ အကျွမ်းတဝင်ရှိတဲ့    တောင်ကိုရီးယားနိုင်ငံမှာ ကျန်းမာသန်စွမ်းတဲ့ အမျိုးသားအားလုံးဟာ အသက် ၁၈ နှစ်ကနေ အသက် ၃၀ မကျော်ခင် စစ်မှုမထမ်း မနေရဖြစ်ပြီး ၁၈ လကနေ ၂၁ လအထိ   တာဝန် ထမ်းဆောင်ကြရပါတယ်။ အဲဒီလိုပဲ   ဆွစ်ဇာလန် နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အရ အသက် ၂၀ မှ ၅၀ နှစ်အတွင်း  ကျန်းမာသန်စွမ်းတဲ့ နိုင်ငံသားတိုင်း စစ်မှုထမ်းရပါတယ်။ အရာရှိဖြစ်မယ် ဆိုရင် အသက် ၅၅ နှစ်အထိ စစ်မှုထမ်းရပြီး စစ်မှု ထမ်းရန် လိုအပ်သောအရည်အချင်း မပြည့်စုံသူတွေ က အခွန်ပိုပေးဆောင်ကြရပါတယ်။


နိုင်ငံသားတိုင်းရဲ့တာဝန်   

 

နိုင်ငံတစ်နိုင်ငံကို တည်ဆောက်တဲ့အခါ မိမိတို့ နိုင်ငံက ပထဝီအနေအထားအရ  အချက်အချာကျတဲ့ နိုင်ငံဖြစ်တဲ့အတွက်    အခွင့်အရေးတွေနဲ့အပြိုင်    စိန်ခေါ်မှုတွေလည်း ကြုံတွေ့ရပါတယ်။ လက်ရှိကမ္ဘာ ပေါ်က  ဖွံ့ဖြိုးဆဲနဲ့     ဖွံ့ဖြိုးမှုနှေးကွေးနောက်ကျတဲ့   နိုင်ငံအများစုက     ကမ္ဘာ့အလယ်တင့်တယ်စေဖို့ စီးပွားရေးအင်အားနဲ့   ကာကွယ်ရေးအင်အားကို ဖြည့်တင်းကြရပါတယ်။      ပြည်တွင်းစည်းလုံး ညီညွတ်ခြင်းကနေ နိုင်ငံ့စီးပွားရေးဦးမော့လာအောင် ကြိုးပမ်းကြရသလို အခြားနိုင်ငံတွေက မထီမဲ့မြင် ပြုလုပ်တာကိုမခံကြရဖို့    အင်အားတောင့်တင်းဖို့    ကြိုးပမ်းကြရပါတယ်။


မျိုးချစ်စိတ်ရှိတဲ့နိုင်ငံသားတိုင်း၊ နိုင်ငံချစ်စိတ် ရှိတဲ့နိုင်ငံသားတိုင်းက ကာကွယ်နိုင်ဖို့ ပြည်သူ့စစ်  အဖွဲ့များ ဖွဲ့စည်းပေးရေး၊ ဒေသခံကာကွယ်ရေးအဖွဲ့  များ ဖွဲ့စည်းပေးရေး အင်တိုက်အားတိုက်တောင်းဆို နေတာတွေရှိတဲ့အခါ လက်ရှိမှာလည်း ပြည်သူ့စစ်  အဖွဲ့တွေ၊ ဒေသခံကာကွယ်ရေးအဖွဲ့တွေကို ဖွဲ့စည်း နေကြတာပါ။ အခုလို ပိုမိုကောင်းမွန်တဲ့ ဥပဒေနဲ့ စနစ်တကျ    တည်ဆောက်လိုက်ခြင်းကနေ   နိုင်ငံ အတွက်  ကောင်းမွန်တဲ့အလားအလာကို   ဖန်တီး သွားနိုင်ပါလိမ့်မယ်။


လက်ရှိ မြန်မာ့တပ်မတော်သားတွေအားလုံးက မျိုးချစ်စိတ်ဓာတ်ပြည့်ဝတဲ့ တိုင်းရင်းသားလူငယ် တွေဖြစ်ကြပြီး မိမိသဘောဆန္ဒအလျောက် ဝင်ရောက် စစ်မှုထမ်းဆောင်တဲ့ တပ်သားတွေနဲ့ စုစည်းထား တာ ဆယ်စုနှစ်ပေါင်းများစွာ    ရှိခဲ့ပြီဖြစ်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်ဟာ နိုင်ငံသားတိုင်း ရဲ့ တာဝန်ဖြစ်တာကြောင့် ပေါ်ထွက်လာတဲ့ ပြည်သူ့ စစ်မှုထမ်းဥပဒေက နိုင်ငံသားတိုင်းအတွက် စစ်မှန် တဲ့ခံယူချက်ကို မှတ်ကျောက်တင်ပေးနိုင်တဲ့အပြင် နိုင်ငံကြီးသားပီသသူတွေအဖြစ် ရေးထိုးမှတ်တမ်း တင်နိုင်မယ့် အခွင့်အလမ်းအဖြစ် မှတ်ယူကြသင့် ပါတယ်။


တပ်မတော်မှာ တာဝန်ထမ်းဆောင်ပြီဆိုတာနဲ့ ဂျီနီဗာကွန်ဗင်းရှင်း၊ စစ်သည်တော်ကျင့်ဝတ် စတာ တွေနဲ့အညီ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက် ရမယ့် တာဝန်ဝတ္တရားအောက်မှာ  အနီ၊   အစိမ်း၊ အပြာ၊ အဝါ စတဲ့ ကာလာမတူ ဝါဒမတူညီမှု အသီးသီး   အားလုံးချုပ်ငြိမ်းပြီး   ပြည်ထောင်စုသားအားလုံး       စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် တွေ့ဆုံနိုင်ကြ မယ်လို့   မျှော်လင့်ရသလို လူငယ်တွေအနေနဲ့လည်း   တပ်မတော်ရဲ့မူဝါဒတွေ၊   ရပ်တည်ချက်တွေကို သိရှိနားလည်သဘောပေါက်ရာကနေ အနာဂတ်မှာ    စစ်ဘက်- အရပ်ဘက်ဆက်ဆံရေး ကောင်းမွန်လာ နိုင်စေနိုင်မယ်လို့ ယူဆမိပါတယ်။


စွန့်စားလိုတဲ့လူငယ်တွေ၊ တိုင်းပြည်အတွက် ကျရာတာဝန်ထမ်းဆောင်ရင်း လူငယ်ဘဝ အတွေ့ အကြုံရယူလိုတဲ့ လူငယ်တွေအတွက်တော့ အခုလို စစ်မှုထမ်းခွင့်ကို မျှော်လင့်နေကြပေမယ့် ပြည်ဖျက် မီဒီယာအချို့နဲ့ တိုင်းပြည်သစ္စာဖောက် အကြမ်းဖက် အဖွဲ့အစည်းတွေကတော့  အခုလို နိုင်ငံအတွက် လိုအပ်ချက်အရ ပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေအပေါ်    အမျိုးမျိုးသောတိုက်ခိုက်မှုတွေ၊ မဟုတ်မမှန် သတင်းအချက်အလက်တွေနဲ့အကြောက် တရားတွေဖြစ်ပေါ်အောင် အမျိုးမျိုးမှိုင်းတိုက်ကြဦး မှာမို့ ပြည်သူများ နိုင်ငံအတွက် မျက်နှာမူကြရမယ့် အချိန်ဆိုတာ သတိပြုစေလိုပါတယ်။ 


နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့     အားလုံး မျှော်လင့်တောင့်တနေတဲ့ တည်ငြိမ်အေးချမ်းမှုကို ရရှိဖို့၊ ပြည်သူများလိုလားတဲ့     စစ်မှန်စည်းကမ်း ပြည့်ဝတဲ့   ဒီမိုကရေစီစနစ်ကိုတည်ဆောက်ဖို့ ပြည်သူ့စစ်မှုထမ်းစနစ်ကို  လိုက်နာပါဝင်ကြရင်း နိုင်ငံနဲ့ ပြည်သူအားလုံးရဲ့ အနာဂတ်အတွက်  အမှု တော်  ထမ်းရွက်ကျေပွန်ကြပါစို့လို့      တိုက်တွန်း ရေးသားလိုက်ရပါတယ်။    ။