ဂုဏ်ထူးဦး​အောင်ခိုင်၏ ဘဝအ​ကြောင်း တ​စေ့တ​စောင်း  စာအုပ်ထွက်ရှိ

 

အင်္ဂလိပ်စာဆရာ   ဂုဏ်ထူးဦးအောင်ခိုင်၏ “ဘဝအကြောင်း တ​စေ့တ​စောင်း”   စာအုပ် ကို      ခင်ချိုထွန်းစာ​ပေက     ထုတ်​ဝေ လိုက်ရာ   စာအုပ်တန်ဖိုးကျပ်   ၅၀၀၀   ဖြစ် သည်။ 

 


စာအုပ်ထုတ်​ဝေရခြင်း၏ အဓိကရည်ရွယ် ချက်မှာ “ကျေးဇူးတရားကို  အ​လေးထားတဲ့  လူ့ယဉ်ကျေး လူ့​ဘောင်တစ်ခုကို  လက်ဆင့် ကမ်း​ပေးထားခြင်း” ဖြစ်သည်ဟု ဆိုသည်။  စာ​ရေးသူ၏  ဘဝသက်တမ်းတစ်လျှောက် ကြုံတွေ့ ဖြတ်သန်းခဲ့ရသည့် အ​ကြောင်းအရာ​များကို စုစည်းပြီး ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ အဖြစ်  ရန်ကုန်တက္ကသိုလ်တမ်းချင်း၊ ​မွေးနေ့ အမှတ်တရ  ဘဝမှတ်တမ်း၊  ​ကျေးဇူးကြီးမား ဆရာသမားများ   ဂါရဝတရားထား၊  ပညာ ဟူသည် မြတ်​ရွှေအိုး၊ ဂုဏ်ထူး ဦး​အောင်ခိုင် အတု ချောင်းသာခရီး၊ စည်းစနစ်ကျန စင်ကာပူ အလှ၊ ကျွန်​တော်နဲ့ အ​မေရိကား၊ ထူးထူး ခြားခြား မှတ်မှတ် ထင်ထင်  အပါအဝင်  ဘဝ မှတ်တမ်း ၂၁ ပုဒ် ကို  ကြည်နူး၊  နှစ်သက်၊  ​ပျော်ရွှင်၊  ချမ်း​မြေ့၊  လွမ်း​မောဖွယ်ဖြစ်​အောင်   (ကရုဏာရသ၊   ဟာသရသ၊   သန္တရသ​များ  ခံစားရ​အောင်)    တင်ပြထားသည့်အပြင် သရုပ်ဖော်ပန်းချီနှင့် ဓာတ်ပုံ​များကိုပါ ​ဝေ​ဝေ ဆာဆာ ထည့်​ပေးထားသည်။          


(မြန်မာ့အလင်း)