ဂုဏ်ပြုချီးမြှင့်

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိ မန္တလေးတိုင်းဒေသကြီး 
ဗန်းမော်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနမဟာနာယက  အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက 
ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ  မဟာထေရ်မြတ်ကြီး၏ အန္တိမဈာပနအခမ်းအနားကျင်းပရာတွင် ပါဝင်ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်

 

နေပြည်တော်   ဇွန်    ၁၅
နိုင်ငံတော်   သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ    နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ၏ အဓိ ပတိ၊    မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်  ဗန်းမော် ကျောင်းတိုက်ကြီး၏   ဦးစီးပဓာန မဟာနာယက     အဘိဓဇမဟာ ရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက      ဒေါက်တာဘဒ္ဒန္တ  ကုမာရာဘိဝံသ      မဟာထေရ် မြတ်ကြီး၏ အန္တိမဈာပနအခမ်း အနား   ကျင်းပခဲ့ရာတွင်   ပါဝင် ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြု ချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်ရှိ ရတနာ ပုံခန်းမ၌    ပြုလုပ်ရာ    မန္တလေး တိုင်းဒေသကြီး     ဝန်ကြီးချုပ်  ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး   နှင့်     ဌာနဆိုင်ရာတာဝန်ရှိသူ များ၊       ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး  ဝန်ကြီး  ချုပ်က ဂုဏ်ပြုစကားပြောကြား သည်။  ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊  တိုင်းမှူးနှင့် တာဝန် ရှိသူများက    ဆရာတော်ကြီး၏ အန္တိမဈာပန အခမ်းအနားကျင်းပ ခဲ့ရာတွင်    ပါဝင်ဆောင်ရွက်ခဲ့သူ များအား     ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ပြီး   နေ့လယ်စာဖြင့် ဂုဏ်ပြုဧည့်ခံကာ   ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက်   တိုင်းဒေသကြီး ဝန်ကြီးချုပ်၊   တိုင်းမှူးနှင့် တာဝန် ရှိသူများသည်  မစိုးရိမ်တိုက်သစ်၊ ဓမ္မစေတိကျောင်းသို့ သွားရောက် ပြီး    နိုင်ငံတော်ဗဟိုသံဃာ့ဝန် ဆောင်၊    မန္တလေးမြို့   မစိုးရိမ် တိုက်သစ်   မဟာနာယက   အဂ္ဂ မဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာ ဘိဝံသနှင့် တိုင်းဒေသကြီး သံဃ နာယကအဖွဲ့ဥက္ကဋ္ဌ      မစိုးရိမ် တိုက်သစ် ဓမ္မဂါရဝကျောင်း ဆရာ တော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တတိက္ခိန္ဒြိယာ   ဘိဝံသတို့ကို ဖူးမြော်၍ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ   ဆက်ကပ် ပြီးနောက်   ဗန်းမော်ဆရာတော် ဘုရားကြီး၏    အထိမ်းအမှတ် ပြတိုက် တည်ဆောက်သွားမည့် ကိစ္စနှင့်စပ်လျဉ်း၍   ဩဝါဒများ ခံယူခဲ့ကြကြောင်း     သတင်းရရှိ သည်။ 
သတင်းစဉ်