
နေပြည်တော် ဖေဖော်ဝါရီ ၉
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသ ကြီး / ပြည်နယ် အသီးသီးမှ ဂုဏ်ပြုယာဉ်များ ပါဝင်ပြသမည်ဖြစ်ပြီး အဆိုပါ ဂုဏ်ပြုယာဉ်များကို ပြည်သူများ လေ့လာကြည့်ရှုနိုင်ရန် ရည်ရွယ်လျက် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ရှေ့ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ နံနက် ၈ နာရီ မှ ညနေ ၆ နာရီအတွင်း ခင်းကျင်းပြသထားမည် ဖြစ်ကြောင်းနှင့် တိုင်းရင်းသားရိုးရာ အစားအစာများ ပြုလုပ်ရောင်းချမည့် အစီအစဉ်လည်း ပါဝင်မည် ဖြစ်ကြောင်း သိရှိရသည်။
မိဘပြည်သူများအနေဖြင့် ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး / ပြည်နယ်အသီးသီးမှ ဂုဏ်ပြု ယာဉ်များကို လာရောက်လည်ပတ်လေ့လာကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်