ပရီမီယာလိဂ်ကလပ် အက်စ်တွန်ဗီလာအသင်းသည် စတီဗင်ဂျရတ် ကို သုံးနှစ်ခွဲစာချုပ်နှင့်အတူ အသင်းနည်းပြအဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အသက် ၄၁ နှစ် အရွယ်ရှိ လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဂျရတ်သည် စကော့ တလန်ကလပ် ရိန်းဂျားအသင်းကို တာဝန်ယူကိုင်တွယ်နေသည့် နည်းပြတစ်ဦးဖြစ်ပြီး သုံးနှစ်ကြာ လက်တွဲခဲ့ပြီးနောက်တွင် အသင်း နှင့် လမ်းခွဲကာ ဗီလာအသင်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။
    ဗီလာအသင်းသည် ပရီမီယာလိဂ်ငါးပွဲဆက် ရှုံးနိမ့်ပြီးနောက် တနင်္ဂနွေနေ့က  ထုတ်ပယ်လိုက်သော နည်းပြဖြစ်သူ ဒိန်းစမစ်၏ နေရာ၌ ဂျရတ်ကို အစားထိုးခန့်အပ်လိုက်ခြင်း ဖြစ်သည်။ ဂျရတ် သည် ရိန်းဂျားအသင်းနှင့် ချုပ်ဆိုထားသော စာချုပ်သက်တမ်းမှာ ၂၀၂၄ ခုနှစ်အထိ ရှိသောကြောင့် ဗီလာအသင်းအနေဖြင့် ရိန်းဂျား အသင်းကို   လျော်ကြေး   ပေါင်   ၄ ဒသမ ၅  သန်း   ပေးချေကာ ဗီလာပတ်ခ်သို့ ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  
    ဗီလာအသင်းသည် လက်ရှိပရီမီယာလိဂ် အမှတ်ပေးဇယားတွင် တန်းဆင်းဇုန်အထက်   နှစ်မှတ်အသာဖြင့်  အဆင့် (၁၆) နေရာ၌ ရပ်တည်နေသည့် အသင်းဖြစ်သည်။ ဗီလာအသင်းနည်းပြဖြစ်လာသည့် ဂျရတ်သည် ဗီလာအသင်းနှင့် ၎င်း၏ ပထမဆုံးပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၀ ရက်တွင်   ယှဉ်ပြိုင်ကစားမည့်   ဘရိုက်တန်အသင်းနှင့်   ပွဲစဉ်ကို ကိုင်တွယ်သွားမည် ဖြစ်သည်။                                  
အောင်ဇော်
      


