ဂျပန်ဝန်ကြီးချုပ်နှင့် တောင်ကိုရီးယားသမ္မတတို့ တိုကျို၌ ထိပ်သီးအစည်းအဝေးတစ်ခုပြုလုပ်ရန် စီစဉ်ထား

 

တိုကျို    မတ်    ၁၅


ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါနှင့် တောင်ကိုရီးယား သမ္မတ  ယွန်ဆက်ယိုးလ်တို့  မတ်  ၁၆  ရက်တွင် တိုကျို၌  ထိပ်သီးအစည်းအဝေးတစ်ခု  ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။ 


တောင်ကိုရီးယားသမ္မတ၏      ဂျပန်နိုင်ငံသို့ ခရီးစဉ်သည်  ၂၀၁၉  ခုနှစ်နောက်ပိုင်း  ပထမဆုံး အကြိမ်  ဖြစ်လာမည်ဖြစ်သည်။  ထို့အပြင်  နိုင်ငံ တကာ အစည်းအဝေးပွဲများ  တက်ရောက်ခြင်းကို ချန်လှပ်မည်ဆိုပါက  အဆိုပါတွေ့ဆုံမှုမှာ  ၁၂  နှစ် အတွင်း ဂျပန်နိုင်ငံ၌ ပထမဆုံးအကြိမ် တွေ့ဆုံမှု လည်း ဖြစ်လာမည် ဖြစ်သည်။ 


နှစ်အတန်ကြာ နှစ်နိုင်ငံကြားဆက်ဆံရေးကို  ထိခိုက်စေခဲ့သော စစ်အတွင်းအလုပ်သမားပြဿနာ ဖြေရှင်းရန် အစီအစဉ်တစ်ရပ်ကို တောင်ကိုရီးယား ဘက်က ကြေညာလိုက်ပြီးနောက် အဆိုပါတွေ့ဆုံ ဆွေးနွေးမှု   ထွက်ပေါ်လာခြင်းဖြစ်သည်။   ဂျပန် အစိုးရ   တာဝန်ရှိသူအချို့က  မေလတွင်   ဟီရို ရှီးမားမြို့၌ ကျင်းပမည့် ဂျီ - ၇ ထိပ်သီးအစည်း အဝေးသို့ တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုးလ် ကို ဖိတ်ကြားသင့်ကြောင်း အဆိုပြုထားပြီး သဘော တူညီမှုရရှိရန်    လက်ရှိတွင်    ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သိရသည်။ 


အဆိုပါတွေ့ဆုံပွဲ၌ ကီရှီဒါသည် အပြန်အလှန်   ယုံကြည်မှု   တည်ဆောက်နိုင်ရေး     ရည်ရွယ်ကာ  တောင်ကိုရီးယား သမ္မတနှင့်  ရင်းနှီးပွင့်လင်းစွာ  အမြင်ချင်းဖလှယ်    ဆွေးနွေးသွားဖွယ်ရှိကြောင်း သိရသည်။                              

အင်န်အိတ်ချ်ကေ