ဂျပန်ဝန်ကြီးချုပ်နှင့် တောင်ကိုရီးယားသမ္မတတို့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများဆွေးနွေး

 

တိုကျို   အောက်တိုဘာ   ၅ 


ဂျပန်ဝန်ကြီးချုပ် ကီရှီဒါဖူမီယိုနှင့် တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုးလ်တို့သည် အောက်တိုဘာ ၅ ရက်က  ဖုန်းဖြင့်ဆွေးနွေးခဲ့ကြောင်း တောင်ကိုရီးယားသမ္မတရုံးက ပြောကြားလိုက်သည်။

 


ခေါင်းဆောင်နှစ်ဦးသည် နှစ်နိုင်ငံအကြား လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ အတည်ပြု ရန် ဆွေးနွေးကြသည်။
လွန်ခဲ့သောလက  ကီရှီဒါနှင့် ယွန်တို့သည် ကုလသမဂ္ဂအထွေထွေညီလာခံ သီးသန့်ဆွေးနွေးပွဲတွင် တွေ့ဆုံခဲ့သေးသည်။ နှစ်နိုင်ငံအကြား ထူးခြားသောကိစ္စရပ်များကို ဖြေရှင်းရန် သဘောတူခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်စေရန်လည်း အတည်ပြုခဲ့ကြသည်။          

အင်န်အိတ်ချ်ကေ