
တိုကျို ဇန်နဝါရီ ၁၂
ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီးဒါးသည် ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုနှင့် တွေ့ဆုံခဲ့သည်။ (ဝဲပုံ) နှစ်နိုင်ငံခေါင်းဆောင်များသည် လွတ်လပ်ပြီးပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို အကောင်အထည် ဖော်ရန် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများကို ထပ်မံအတည်ပြု ဆွေးနွေးခဲ့သည်။
ဂျပန်ဝန်ကြီးချုပ်သည် ဂျီ-၇ အုပ်စုဝင်နိုင်ငံ များအနက် အုပ်စုဝင် ငါးနိုင်ငံကို သွားရောက် လည်ပတ်လျက်ရှိရာ ယခုအခါတွင် ကနေဒါနိုင်ငံကို ရောက်ရှိလျက်ရှိသည်။ ဂျပန်နိုင်ငံသည် ဂျီ-၇ အစည်းအဝေးကို ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့၌ မေလ တွင် ကျင်းပမည်ဖြစ်ရာ အဆိုပါအစည်းအဝေး မကျင်းပမီ ဝန်ကြီးချုပ်၏ ဂျီ-၅ နိုင်ငံ ခရီးစဉ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ကနေဒါနိုင်ငံသည် ကီရှီးဒါး၏ လေးနိုင်ငံမြောက် ခရီးစဉ်ဖြစ်သည်။
ဇန်နဝါရီ ၁၂ ရက် ခရီးစဉ်အတွင်း ဂျပန် ဝန်ကြီးချုပ်သည် ဂျီ-၇ အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ရန် အဖွဲ့ဝင်နိုင်ငံများ ညီညွတ်ကြရန် တောင်းဆိုခဲ့သည်။
ဂျပန်နိုင်ငံသည် ကနေဒါ၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာသစ်ကို ထောက်ခံကြိုဆိုကြောင်း ကီရှီးဒါးက ထရူးဒိုကို ပြောကြားခဲ့သည်။
ကနေဒါခရီးစဉ်ပြီးနောက် ကီရှီးဒါးသည် အမေ ရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့်တွေ့ဆုံရန် အမေရိကန် နိုင်ငံ ဝါရှင်တန်သို့ ခရီးဆက်လက်ထွက်ခွာမည် ဖြစ်သည်။ အင်န်အိတ်ချ်ကေ