ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး မဲဆွယ်စည်းရုံးပွဲတစ်ခုအတွင်း သေနတ်ပစ်ခတ်ခံရပြီး သေဆုံး

 

တိုကျို   ဇူလိုင်   ၈


ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေးသည်     ဂျပန်နိုင်ငံ အနောက်ပိုင်း နာရာမြို့၌ ဇူလိုင် ၈  ရက်  နံနက်ပိုင်းက   မဲဆွယ် စည်းရုံးပွဲတစ်ခုအတွင်း ပစ်ခတ် ခံရပြီးနောက် ဆေးကုသမှုခံယူ နေစဉ်   သေဆုံးသွားခဲ့ကြောင်း   သိရသည်။

 


မကြာသေးမီက ဆေးကုသ ပေးသည့် ဆရာဝန်များက ဂျပန် ဝန်ကြီးချုပ်ဟောင်း    ရှင်ဇို အာဘေး      သေဆုံးသည့် အကြောင်းကို    ပြောကြားခဲ့ သည်။     ၎င်းကို      ကယ်တင် ရန်     ကြိုးစားခဲ့သော်လည်း ကံမကောင်းစွာဖြင့်  ညနေ  ၅ နာရီ ၀၃ မိနစ်တွင်  သေဆုံးသွား ခဲ့ကြောင်း နာရာဆေးတက္ကသိုလ် မှ  ဆရာဝန်ဖြစ်သူ  ဖူကူရှီမာ ဟီတဲဒါတာ က ပြောကြားသည်။

 


မွန်းတည့်ချိန်မတိုင်မီ ဂျပန် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး  မြေပေါ်သို့    မလဲကျမီ   သေနတ် ပစ်ခတ်သံ      နှစ်ချက်ကြားခဲ့ ကြောင်း    မဲဆွယ်စည်းရုံးပွဲတွင် သတင်းရယူနေသည့်     အင်န် အိတ်ချ်ကေ     သတင်းထောက် တစ်ဦးက ပြောကြားသည်။
အနီးရှိ   လက်နက်ကိုလည်း ရဲတပ်ဖွဲ့က ဖော်ထုတ်ရယူနိုင်ခဲ့ သည်။ အဆိုပါ သေနတ်မှာ  လက် လုပ်သေနတ်ဖြစ်သည်ဟု   ယူဆရ ကြောင်း အင်န်အိတ်ချ်ကေသတင်း ရင်းမြစ်များအရ သိရသည်။

 


ဂျပန်     ဝန်ကြီးချုပ်ဟောင်း အာဘေးသည်     ယခု     သီတင်း ပတ်တွင်    အထက်လွှတ်တော် ရွေးကောက်ပွဲတွင်    ဝင်ရောက် ယှဉ်ပြိုင်နေသည့်     လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ    ကိုယ်စား လှယ်လောင်းများကို  ထောက်ခံ အားပေးရင်း    နိုင်ငံအနှံ့     ခရီး လှည့်လည်ခဲ့သည်။

 


အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက် ၍   နာရာမြို့၌   နေထိုင်သည့် သံသယရှိသူ အသက်  ၄၁  နှစ် အရွယ် ယာမာဂါမီ တက်ဆုယာကို ဖမ်းဆီးခဲ့ကြောင်း   ရဲတပ်ဖွဲ့က ပြောကြားသည်။    အာဘေးကို   မလိုမုန်းတီးခြင်းကြောင့်   ပစ် သတ်ခြင်းဖြစ်သည်ဟု   သံသယရှိ သူက စုံစမ်းစစ်ဆေးရေးမှူးများကို ပြောကြားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ 

 


 အဆိုပါ   သံသယရှိသူ၏ နေအိမ်၌ ညနေ ၅ နာရီကျော်ခန့် တွင် ပေါက်ကွဲတတ်သောပစ္စည်း တစ်ခုဟု ယူဆရသည်ကို တွေ့ရှိ ခဲ့ကြောင်း၊ထို့နောက် အိမ်ထဲတွင်    အခြားသံသယရှိဖွယ် ဖောက်ခွဲ ရေးပစ္စည်းများကို     တွေ့ရှိခဲ့ ကြောင်း  ရဲတပ်ဖွဲ့က  ပြောကြား သည်။ သံသယရှိသူမှာ  ပင်လယ် ရေကြောင်း ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင်ဟောင်း    တစ်ဦး ဖြစ်သည်။    

     
အင်န်အိတ်ချ်ကေ