
တိုကျို စက်တင်ဘာ ၅
ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါသည် အင်ဒိုနီးရှားနှင့် အိန္ဒိယနိုင်ငံတို့သို့ ခုနစ်ရက်ကြာ ခရီးစဉ်ကို စက်တင်ဘာ ၅ ရက်တွင် စတင်လိုက်ကြောင်း နိုင်ငံတကာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
၎င်းသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် ဂျီ - ၂၀ ထိပ်သီးအစည်းအဝေးများကို တက်ရောက်သွားရန် စီစဉ်ထားကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည့် အရှေ့တောင်အာရှ နိုင်ငံများအသင်းအစည်းအဝေးတွင် ၎င်းသည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်ပြီး အာဆီယံနိုင်ငံများကို တောင်းဆိုသွားဖွယ်ရှိသည်။ ယခုနှစ်သည် ဂျပန်နှင့် အာဆီယံအကြား ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု နှစ်ပေါင်း ၅၀ ပြည့် အထိမ်းအမှတ်နှစ်ဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၌ ပြုလုပ်မည့် ဂျီ - ၂၀ ထိပ်သီး အစည်းအဝေးတွင် ဆွေးနွေးမည့် အဓိကအကြောင်း အရာမှာ စားနပ်ရိက္ခာဖူလုံရေးဖြစ်ဖွယ်ရှိကြောင်း၊ ဟီရိုရှီးမားမြို့၌ ပြုလုပ်သည့် ဂျီ - ၇ ထိပ်သီးအစည်း အဝေးရလဒ်များအပေါ် အခြေခံ၍ စားနပ်ရိက္ခာ ထောက်ပံ့မှုတည်ငြိမ်ရေး ရည်ရွယ်သော ကြိုးပမ်း အားထုတ်မှုများတွင် ဂျပန်နိုင်ငံအနေဖြင့် ပါဝင် ကူညီလိုမှုနှင့်ပတ်သက်ပြီး ကီရှီဒါက ဂျီ-၂၀ ခေါင်းဆောင်များအား ပြောကြားသွားဖွယ်ရှိ ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ