ဂျပန်ဝန်ကြီးချုပ် လွှတ်တော်မိန့်ခွန်းတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် ငလျင်ဒဏ်သင့်ဒေသများကို ပြန်လည်တည်ဆောက်သွားမည်ဖြစ်ကြောင်း ကတိပြု

 

တိုကျို     ဇန်နဝါရီ     ၃၀ 


ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ ဖူမီယို၏ လွှတ်တော်မူဝါဒမိန့်ခွန်းတွင် နိုင်ငံရေး၌ ပြည်သူ့ယုံကြည်မှု ပြန်လည် ရရှိရန်   ၎င်း၏ဆုံးဖြတ်ချက်ကို    ဖော်ပြခဲ့သည်။    ရန်ပုံငွေအရှုပ်တော်ပုံတွင်    ၎င်း၏အဓိကအာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ပါဝင်ပြီးနောက် ယခုလို ၎င်း၏ဆုံးဖြတ်ချက်ကို ဖော်ပြခဲ့ခြင်းဖြစ်သည်။ 


နှစ်သစ်ကူးနေ့တွင် အီရှီကာဝါခရိုင် နိုတိုဒေသ၌ အင်အားပြင်းငလျင်လှုပ်ခဲ့ပြီးနောက်    ငလျင်ဒဏ် ခံစားခဲ့ရသော ငလျင်ဒုက္ခသည်များအပေါ် ဝမ်းနည်း ကြောင်း    ဖော်ပြခဲ့သည့်မိန့်ခွန်းကို     ကီရှီဒါက ဇန်နဝါရီ ၃၀ ရက် ပြောကြားခဲ့သည်။ 
၂၀၂၄ ဘဏ္ဍာနှစ်   သီးသန့်ရန်ပုံငွေကို ယန်း  တစ်ထရီလီယံ    သို့မဟုတ်    အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံအထိ နှစ်ဆတိုးမြှင့်ခဲ့ကြောင်း၊ ထို့ပြင်    ငလျင်ဒဏ်သင့်ဒေသများတွင်    ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ    ဆောင်ရွက်ရန် လုပ်ငန်းအဖွဲ့တစ်ခုကိုလည်း ဦးဆောင်သွားမည်ဖြစ် ကြောင်း၊      ငလျင်ဒဏ်သင့်ဒေသကြီးတစ်ခုလုံး ပြန်လည်ဖွံ့ဖြိုးတိုးတက်လာသည်အထိ အစိုးရက  တာဝန်ယူသွားမည်ဖြစ်ကြောင်းလည်း ကီရှီဒါက ထပ်လောင်းပြောကြားခဲ့သည်။ 


ရန်ပုံငွေအရှုပ်တော်ပုံနှင့်ပတ်သက်ပြီး  အမှန် တကယ်    စိတ်မကောင်းဖွယ်ကောင်းကြောင်းနှင့် ရိုးသားစွာတောင်းပန်ကြောင်း ကီရှီဒါက ပြောသည်။ အခြားပါတီများနှင့်သာမက  လွှတ်တော်အဖွဲ့ဝင် များနှင့်     တွေ့ဆုံဆွေးနွေးပြီးနောက်    နိုင်ငံရေး ရန်ပုံငွေထိန်းချုပ်ရေးဥပဒေ  ပြန်လည်သုံးသပ်ရေး  အပါအဝင်      ဥပဒေရေးရာ     ဆောင်ရွက်ချက်များ ကို  လုပ်ဆောင်သွားမည်ဖြစ်ကြောင်း  ကီရှိဒါက ပြောသည်။ 


လစ်ဘရယ်ဒီမိုကရက်တစ်ပါတီသည် အစိုးရ အဖွဲ့နှင့် ပါတီအတွင်း အရေးကြီးထိပ်တန်းနေရာ များကို ဘေးကင်းလုံခြုံစေရန်နှင့် ငွေကြေးဆိုင်ရာ ကိစ္စရပ်များ၌     ပါဝင်နေချိန်တွင်     လစ်ဘရယ်  ဒီမိုကရက်တစ်ပါတီ    ဂိုဏ်းဂဏကွဲလာကြောင်း ဝန်ကြီးချုပ်က ဝန်ခံခဲ့သည်။ ထို့ကြောင့် မိမိအနေဖြင့် ရိုးသားစွာ နောင်တရစိတ်မကောင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး မူဝါဒရေးရာအကောင်အထည်ဖော် သောအဖွဲ့များကို ငွေကြေးနှင့်  ပုဂ္ဂိုလ်ရေးရာများ ကို    လုံးဝကွဲပြားအောင်    လုပ်ဆောင်သွားမည်ဟု ဆုံးဖြတ်ထားကြောင်း ဝန်ကြီးချုပ်က ပြောသည်။ 


အင်န်အိတ်ချ်ကေ