ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ ဆေးကုသမှု ခံယူနေရ

 

တိုကျို  ဖေဖော်ဝါရီ  ၁၁


ဂျပန်ဝန်ကြီးချုပ်   ဖူမီယိုကီရှီဒါသည်  ၎င်း၏ နာတာရှည် ထိပ်ကပ်နာ သို့မဟုတ် နှာခေါင်း ရောင်ရမ်းခြင်းကို             ကုသရန်အတွက် ဖေဖော်ဝါရီ ၁၁ ရက်က  ဆေးကုသမှု ခံယူခဲ့   ရသည်။

 


ဝန်ကြီးချုပ်အား တိုကျိုဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခု၏   ကုသမှုအောင်မြင်စွာ ပြီးဆုံးခဲ့ပြီးနောက်     အစိုးရအိမ်တော်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း အစိုးရ သတင်းရင်းမြစ်များက ထုတ်ပြန်သည်။ 

 


ဝန်ကြီးချုပ် ကီရှိဒါ ဆေးကုသမှုခံယူနေ စဉ်ကာလအတွင်း အစိုးရအဖွဲ့၏ အတွင်းရေး မှူးချုပ် မတ်ဆူနို ဟီရိုကာဇုက   အစိုးရအဖွဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ၎င်း၏ တာဝန် ဝတ္တရားများကို   ခေတ္တထမ်းဆောင်ခဲ့သည်။ ကီရှိဒါသည်    ဖေဖော်ဝါရီ   ၁၂  ရက်တွင် နောက်ဆက်တွဲကုသမှု    ဆက်လက်ခံယူနိုင် ရန်အတွက်      ဆေးရုံပြန်တက်ရမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၃ ရက်တွင် ဝန်ကြီးချုပ် တာဝန် ဝတ္တရားများကို    အပြည့်အဝ    ပြန်လည် ထမ်းဆောင်ရန် စီစဉ်ထားသည်။           
  အင်န်အိတ်ချ်ကေ