
တိုကျို စက်တင်ဘာ ၁၄
ဂျပန်တော်ဝင်မင်းသား ဟီဆာဟီတို၌ ကိုဗစ် - ၁၉ ကူးစက်ခံထား ရသည်ဟု စက်တင်ဘာ ၁၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
မင်းသားဟီဆာဟီတိုမှာ လက်ရှိဂျပန်ဧကရာဇ်နာရူဟီတို၏ တူဖြစ်ပြီး ထီးနန်းဆက်ခံမှုတွင် ဒုတိယမြောက်နေရာတွင် ရှိသူဖြစ် သည်။ ဟီဆာဟီတို၏ဖခင်မှာ အိမ်ရှေ့မင်းသား အာကီရှီနိုဖြစ်သည်။ စက်တင်ဘာ ၁၃ ရက်ညပိုင်း စာသင်ကျောင်းမှ ပြန်လာသည့်အခါ စတင်ဖျားနာခဲ့ခြင်းဖြစ်ကြောင်း ဂျပန်တော်ဝင်မိသားစုအေဂျင်စီက ပြောသည်။ ထိုနေ့က ဆေးစစ်မှုပြုလုပ်ခဲ့ရာ ကိုဗစ် -၁၉ ကူးစက်ခံထားရမှု မရှိဟု ဆေးစစ်ချက်ထွက်ပေါ်ခဲ့သည်။ သို့သော်လည်း စက်တင်ဘာ ၁၄ ရက်နံနက်ပိုင်းတွင် ဆေးပြန်စစ်ကြည့်ရာ ကိုဗစ် -၁၉ ကူးစက်ခံထား ရကြောင်း သိရသည်။
စက်တင်ဘာ ၁၈ ရက်အထိ အနားယူမည်ဟုလည်း အေဂျင်စီက ပြောသည်။ ဟီဆာဟီတို၏ မိဘများဖြစ်သော အိမ်ရှေ့မင်းသား အာကီရှီနိုတို့စုံတွဲတွင် ကိုဗစ် -၁၉ ကူးစက်ခြင်းမရှိဟု သိရသည်။
အင်န်အိတ်ခ်ျကေ