
ဆိုးလ် ဩဂုတ် ၂၄
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ဂျပန်သံရုံးအတွင်းသို့ ဝင်ရောက် ရန် ကြိုးပမ်းမှုဖြင့် တောင်ကိုရီး ယားတက္ကသိုလ် ကျောင်းသား ၁၆ ဦးကို ရဲများက ဩဂုတ် ၂၄ ရက်တွင် ဖမ်းဆီးခဲ့သည်ဟု သိရ သည်။
ယင်းနေ့အစောပိုင်းတွင် ဂျပန် နိုင်ငံက နျူကလီးယားညစ်ညမ်း မှုများပါဝင်နေသည့် စွန့်ပစ်ရေကို သမုဒ္ဒရာအတွင်းသို့ သွန်ချခြင်း ပြုလုပ်ခဲ့ရာ ယင်းအစီအစဉ်ကို မကျေနပ်သဖြင့် ဆန္ဒပြရာမှ ယခု လို ဖြစ်ရပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ က ဖူကူရှီးမား ဒိုင်အိချီနျူကလီး ယားဓာတ်အားပေးရုံမှ ရေဒီယို သတ္တိကြွ စွန့်ပစ်ရေများ ပထမ အသုတ်အဖြစ် ပစိဖိတ်သမုဒ္ဒရာထဲ သို့ သွန်ချခြင်း စတင်ပြုလုပ်ခဲ့သည်။
ယင်းသို့ ပြုလုပ်ပြီးနောက် ကျောင်းသားများက ဂျပန်သံရုံး အတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်း ကြခြင်းဖြစ်သည်ဟု ယွန်ဟတ် သတင်းအေဂျင်စီတွင် ဖော်ပြထား သည်။ ကျောင်းသားများသည် အဆိုပါကိစ္စကို ဆန့်ကျင်ကြောင်း ကြွေးကြော်ခဲ့ကြပြီး ဆိုးလ်မြို့ လယ်ရှိ အဆောက်အအုံ၏ ရှစ်ထပ်တွင်ရှိသော သံရုံးအတွင်း ဝင်ရောက်ရန် ကြိုးပမ်းကြသည်။ ၎င်းတို့ကို ရဲစခန်းလေးခုတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး သံရုံး အတွင်းသို့ ကျူးကျော်ဝင်ရောက်မှု နှင့် ဆန္ဒပြမှုဥပဒေကိုချိုးဖောက် မှုတို့အတွက် စွဲချက်တင်ထား သည်။ ရဲတပ်ဖွဲ့မှ လူစုခွဲခြင်းမပြုမီ က ကျောင်းသား ၄၀ ခန့်သည် ရေဒီယိုသတ္တိကြွ စွန့်ပစ်ရေများ သမုဒ္ဒရာအတွင်းသို့ စွန့်ပစ်မှုနှင့် ပတ်သက်၍ ဆန့်ကျင်ကြောင်း ဂျပန်သံရုံးအနီးတွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ကြသည်။
ဆင်ဟွာ