ဂျပန်ရောက် မြန်မာများအနေဖြင့် အခွန်ဆောင်ရာတွင် တစ်လပျမ်းမျှဝင်ငွေ ယန်း၂၀၀၀၀၀ ရှိသူက လစဉ်ဝင်ငွေခွန် ယန်း၂၀၀၀ နှင့် ယန်း ၂၀၀၀၀၀ အောက်လျော့နည်းသူက လစဉ်ဝင်ငွေခွန် ယန်း ၁၀၀၀ ဆောင်ရမည်

 

ရန်ကုန်   ဒီဇင်ဘာ   ၂၁
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် တစ်လပျမ်းမျှဝင်ငွေ ယန်း၂၀၀၀၀၀ ရှိသူက လစဉ်ဝင်ငွေခွန် ယန်း၂၀၀၀ နှင့်ယန်း ၂၀၀၀၀၀ အောက်လျော့နည်းသူက  လစဉ်ဝင်ငွေခွန် ယန်း ၁၀၀၀ ပေးဆောင် ရမည်ဖြစ်ကြောင်း   ဂျပန်နိုင်ငံဆိုင်ရာ   မြန်မာသံရုံးက   အသိပေး ထားသည်။
ပြည်ပတွင်ရောက်ရှိအလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား များ၏  ပြည်ပတွင်နိုင်ငံခြားဝင်ငွေဖြင့် စုစုပေါင်း လစာဝင်ငွေအပေါ် အောက်တိုဘာ ၁ ရက်ကစတင်ကာ ဝင်ငွေခွန်ထမ်းဆောင်ရမည်ဖြစ် ကြောင်းနှင့်  ဝင်ငွေခွန်ထမ်းဆောင်ရာတွင် လိုက်နာရမည့်နည်းလမ်း များကို  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ     အမိန့်ကြော်ငြာစာအမှတ် ၇၉/၂၀၂၃ ဖြင့် နိုဝင်ဘာ ၂၂ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် ဂျပန်နိုင်ငံတွင်ရောက်ရှိအလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ဝင်ငွေခွန်ပေးဆောင်ကြရမည်ဖြစ်ပြီး ဂျပန်တွင်    ရောက်ရှိအလုပ်လုပ်ကိုင်နေကြသော   မြန်မာနိုင်ငံသား များအတွက် တစ်လပျမ်းမျှဝင်ငွေအား ယန်း ၂၀၀၀၀၀ နှုန်းသတ်မှတ် ပြီး  ဝင်ငွေခွန်  ၂ ရာခိုင်နှုန်းအရ  ယန်း ၄၀၀၀ သတ်မှတ်ထားကာ အဆိုပါယန်း ၄၀၀၀ အနက်သက်သာခွင့်အဖြစ်ယန်း ၂၀၀၀ သတ်မှတ် ပေးသွားမည်ဖြစ်၍  လစဉ်ဝင်ငွေခွန်အဖြစ် ယန်း ၂၀၀၀ ပေးဆောင်ရ မည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ   သတ်မှတ်ထားသည့်တစ်လပျမ်းမျှဝင်ငွေ ယန်း ၂၀၀၀၀၀ အောက်လျော့နည်းရရှိသူများအနေဖြင့်လည်း အထောက်အထားများ ဖြင့်တင်ပြလာပါက    ၎င်းတို့အတွက်    တစ်လပျမ်းမျှဝင်ငွေအား ယန်း ၁၅၀၀၀၀ နှုန်းသတ်မှတ်၍  ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအရ ယန်း ၃၀၀၀ သတ်မှတ်သွားမည်ဖြစ်ကာ  အဆိုပါ  ယန်း ၃၀၀၀ အနက် သက်သာခွင့်အဖြစ် ယန်း ၂၀၀၀ သတ်မှတ်ပေးသွားမည်ဖြစ်ရာ လစဉ် ဝင်ငွေခွန် ယန်း ၁၀၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ 
မြန်မာသံရုံးအနေဖြင့်    ဝင်ငွေခွန်ပေးဆောင်မှုဆိုင်ရာ   ပြေစာ အထောက်အထားများထုတ်ပေးမည်ဖြစ်ပြီး  အခွန်ထမ်းနိုင်ငံသားမှ သတ်မှတ်ကာလတစ်ခုအတွင်း သံရုံးတွင်ပေးဆောင်ခဲ့သည့် ဝင်ငွေခွန် ပေးဆောင်မှုဆိုင်ရာ     အထောက်အထားလက်မှတ်ထုတ်ပေးရန် လျှောက်ထားလာပါက   ၎င်းတို့အနေဖြင့်    သံရုံးတွင်    အမှန်တကယ် ပေးဆောင်ခဲ့သည့် ဝင်ငွေခွန်ပမာဏနှင့်ပျမ်းမျှဝင်ငွေပမာဏတို့ဖြင့် ထောက်ခံစာထုတ်ပေးသွား မည်ဟုလည်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက   စင်ကာပူနိုင်ငံဆိုင်ရာ   မြန်မာ သံရုံး၊  ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ  မြန်မာသံရုံး၊  မလေးရှားနိုင်ငံ ဆိုင်ရာ   မြန်မာသံရုံးအပါအဝင်    မြန်မာသံရုံးအသီးသီးကလည်း အခွန်ပေးဆောင်မည့်ကိစ္စနှင့်ပတ်သက်၍ နိုင်ငံအလိုက် ထုတ်ပြန် ထားပြီးဖြစ်ကြောင်း သိရသည်။
MT