ဂျပန်နှင့် ဥရောပသမဂ္ဂတို့ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ အောင်မြင်စွာ ထုတ်လုပ်နိုင်ရန် သဘောတူ

 

တိုကျို    ဇူလိုင်   ၄ 


ဂျပန်နှင့် ဥရောပသမဂ္ဂတို့သည် တစ်ပိုင်းလျှပ်ကူး ပစ္စည်းများ   ထောက်ပံ့နိုင်ရေးအတွက်  သဘောတူ ခဲ့ကြသည်။ 
ဂျပန်စက်မှုဝန်ကြီး   နီရှီမူရာ   ယာဆူတိုရှီနှင့် ပြည်တွင်းဈေးကွက်ဆိုင်ရာ ဥရောပသမဂ္ဂကော်မရှင် နာသယ်ရီဘရီတန်တို့သည် ဇူလိုင် ၄ ရက်က တိုကျို မြို့၌   နားလည်မှုစာချွန်လွှာတစ်ခုတွင်  လက်မှတ် ရေးထိုးခဲ့ကြသည်။


နှစ်ဖက်အဖွဲ့သည်  သတင်းအချက်အလက်များပိုမိုဝေမျှရန်နှင့် ကပ်ရောဂါနှင့် တခြားသော အကျပ် အတည်းပြဿနာများ       ပေါ်ပေါက်လာမှုကြောင့် ပစ္စည်းထုတ်လုပ်မှု    နှောင့်နှေးကြန့်ကြာခြင်းများ ကို   အတူတူပူးပေါင်းဖြေရှင်းရန်   သဘောတူခဲ့ကြ သည်။ 


နောက်ပိုင်းထုတ်လုပ်မည့်    ချစ်ပ်များအတွက် မရှိမဖြစ်လိုအပ်သော ပစ္စည်းများတိုးတက်ကောင်းမွန် ရန်နှင့်    သုတေသနလုပ်ငန်းများတွင်    နီးကပ်စွာ အတူတကွပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြ သည်။ 
ဂျပန်နှင့်  ဥရောပသမဂ္ဂတို့သည်  လူ့စွမ်းအား အရင်းအမြစ်     ကိုင်တွယ်ထိန်းကျောင်းမှုများနှင့် ပတ်သက်ပြီး အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။


အင်န်အိတ်ချ်ကေ