
တိုကျို နိုဝင်ဘာ ၃
ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ သည် ဖိလစ်ပိုင်နှင့် မလေးရှား နိုင်ငံတို့တွင် ကျင်းပမည့် ထိပ်သီး အစည်းအဝေးများ တက်ရောက် ရန် သုံးရက်ကြာခရီးစဉ်အဖြစ် နိုဝင်ဘာ ၃ ရက် နံနက်က တိုကျိုမြို့ ဟာနီဒါလေဆိပ်မှ ထွက်ခွာသွားပြီဖြစ်သည်။
ခရီးစဉ်တွင် လူ့ဂုဏ်သိက္ခာ ကို အကာအကွယ်ပေးသည့် အနာဂတ်ကမ္ဘာကို ဖန်တီးပေး မည့် စည်းမျဉ်းများကို အခြေခံ သည့် လွတ်လပ်ပြီး ပွင့်လင်း သော နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်များ ကို လက်တွဲလုပ်ဆောင်နိုင်မည် ဟု မျှော်လင့်ကြောင်း ဝန်ကြီး ချုပ် ကီရှီဒါက ပြောသည်။
ဒီဇင်ဘာလတွင် တိုကျို၌ ကျင်းပမည့် ဂျပန်နှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ အထူး ထိပ်သီး အစည်းအဝေးတွင်လည်း ပူးပေါင်း ဆောင်ရွက်မှုများ အတွက် တောင်းဆိုသွားမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
ဝန်ကြီးချုပ် ကီရှီဒါသည် ဖိလစ်ပိုင်ကွန်ဂရက် လွှတ်တော် တွင် မိန့်ခွန်းပြောမည်ဖြစ်ပြီး ၎င်းသည် ဖိလစ်ပိုင်ကွန်ဂရက်၌ မိန့်ခွန်းပြောကြားသည့် ပထမ ဆုံး ဂျပန်ဝန်ကြီးချုပ် ဖြစ်လာမည်ဖြစ်သည်။
အင်န်အိတ်ချ်ကေ