ဂျပန်နိုင်ငံတွင် ယန်းငွေတန်ဖိုးကျဆင်းလာခြင်းနှင့် လောင်စာဆီဈေးနှုန်းမြင့်တက်လာခြင်းကြောင့် ကုန်သွယ်မှုလိုငွေဖြစ်ပေါ်

 

လောင်စာဆီ၊ စားနပ်ရိက္ခာနှင့် လိုအပ်သည့်ကုန်စည် များတင်သွင်းရာတွင်   ကုန်ကျစရိတ်များ    ပိုမို မြင့်တက်လာသဖြင့်   မျှော်မှန်းထားသည်ထက် ကုန်သွယ်မှုလိုငွေပြမှု ပိုမိုဖြစ်ပေါ်ခဲ့ကြောင်း ဂျပန် အစိုးရက ထုတ်ပြန်ထားသည်။ ဂျပန်ယန်းငွေတန်ဖိုး ကျဆင်းလာမှုအပေါ် စီးပွားရေးလုပ်ငန်းများအကြား တွင်   စိုးရိမ်ပူပန်နေကြပြီး   မတ်လအတွင်းက ကုန်သွယ်မှုလိုငွေပြမှုမှာ ယန်း ၄၂၁ ဘီလီယံ ရှိလာခဲ့ သည်။ ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှု လျော့နည်းလာပြီး ကမ္ဘာ့နိုင်ငံများအကြား ခရီးသွားလာမှုနှင့် စီးပွား ရေးကူးသန်းရောင်းဝယ်မှု   ပြန်လည်မြင့်တက်လာ ပြီးနောက် ဂျပန်၏ သွင်းကုန်တင်သွင်းမှုမှာ မတ်လ ကုန်နောက်ပိုင်းတွင် ၃၁ ရာခိုင်နှုန်း ပြန်လည်မြင့်တက် လာပြီး   ပို့ကုန်တင်ပို့မှုမှာ ၁၅ ရာခိုင်နှုန်းသာမြင့် တက်လာသည်။ ဂျပန်၏ သွင်းကုန်ပမာဏ အားလုံး သည် ဂျပန်စီးပွားရေးဆောင်ရွက်ချက်များအားလုံး၏ ငါးပုံတစ်ပုံထက် လျော့နည်းသော်လည်း    အဓိက သွင်းကုန်များမှာ  နိုင်ငံ့စီးပွားရေးအတွက် အရေးပါ သည့်  ရေနံနှင့်ကျောက်မီးသွေးတို့ဖြစ်သည်။ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့်    ကျောက်မီးသွေးစသည့် သွင်းကုန်တင်သွင်းမှုစရိတ်မှာ ပြီးခဲ့သည့်နှစ် ကာလတူ မတ်လထက် ၈၀ ရာခိုင်နှုန်း     မြင့်တက်လာပြီး စားသောက်ကုန်တင်သွင်းမှုတွင်     ၂၂ ရာခိုင်နှုန်း၊ ဓာတုဗေဒပစ္စည်းများ တင်သွင်းမှုတွင် ၄၂ ရာခိုင်နှုန်း ကျော် မြင့်တက်လာခဲ့သည်။   

 


သွင်းကုန်အတွက်  ကုန်ကျစရိတ်မြင့်တက်ပြီး ပို့ကုန်တွင်   မော်တော်ယာဉ်     တင်ပို့မှု ၁ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းခဲ့ကာ    အရေအတွက်အားဖြင့်  မော်တော်ယာဉ် ၁၄ ရာခိုင်နှုန်းဝန်းကျင်    ကျဆင်း လာခဲ့သည်။ အချို့သော မော်တော် ယာဉ်ထုတ်လုပ်သူ၊ စပ်ဆက်ပစ္စည်းထုတ်လုပ်သူများ    လုပ်ငန်းရပ်နားထားရမှုများရှိနေပြီး အကျပ်အတည်းများ  ကျော်လွန် သည့်ကာလတွင်မူ   ဂျပန်ပို့ကုန်များ  ပြန်လည်နာလန် ထူလာမည်ဟုလည်း ကျွမ်းကျင်သူများက ခန့်မှန်းကြ ကြောင်း    ဂျပန်နေ့စဉ်သတင်းစာတွင်   ရေးသား ဖော်ပြထားသည်။