ဂျပန်နိုင်ငံတွင် ငလျင်လှုပ်မှုကြောင့် တိုယိုတာကားကုမ္ပဏီ၏ ပြည်တွင်းစက်ရုံများလည်ပတ်မှု ဆိုင်းငံ့

 

တိုကျို မတ် ၁၉


မတ် ၁၆ ရက်က ဂျပန်နိုင်ငံ၌ အင်အားပြင်းထန်သည့် ငလျင်လှုပ်မှုအပြီး    ထောက်ပံ့မှုဆိုင်ရာပြဿနာ များကြောင့် လာမည့်သီတင်းပတ်အတွင်း တိုယိုတာ မော်တာကုမ္ပဏီက       ပြည်တွင်းစက်ရုံများတွင် ထုတ်လုပ်မှုများ ဆိုင်းငံ့သွားမည်ဖြစ်ကြောင်း သိရ သည်။

 


စက်ရုံ  ၁၁ ရုံတွင်  တပ်ဆင်မှုပိုင်း လုပ်ဆောင် သည့်နေရာ ၁၈ ခုကို မတ်၂၁ ရက်မှ  စတင်ကာ သုံးရက်ကြာ  ပိတ်ထားမည်ဟု  တိုယိုတာမော်တာ ကုမ္ပဏီက ပြောသည်။ 

 


ယင်းသို့ပြုလုပ်ခြင်းဖြင့် ပြည်တွင်း စက်ရုံ ၁၄ ရုံ  တွင်  ၈၀   ရာခိုင်နှုန်း    ထိခိုက်မှုရှိမည်ဖြစ်သည်။  ငလျင်မှာ    ဂျပန်နိုင်ငံ၏    အရှေ့မြောက်ပိုင်းတွင်  လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပြင်းအား ၇ ဒသမ ၄ မဂ္ဂနီကျု ရှိသည်။  

 


မော်တော်ယာဉ် အစိတ်အပိုင်းများတင်ပို့မှုတွင် နှောင့်နှေးမှုပြဿနာကြောင့်  ယခုလို  လုပ်ဆောင် ရခြင်းဖြစ်သည်။ Subaru ကားကုမ္ပဏီသည်လည်း  ထုတ်လုပ်ရေးစက်ရုံ    သုံးရုံကို   ရပ်နားထားမည် ဖြစ်ကြောင်း မတ် ၁၈ ရက်တွင် ကြေညာထားသည်။  

 


သဘာဝဘေးအန္တရယ်ကြောင့်    ဂျပန်နိုင်ငံ၏ ကားထုတ်လုပ်မှု     လုပ်ငန်းအပေါ်     နောက်ထပ် ရိုက်ခတ်မှုဖြစ်လာခဲ့သည်။        

အင်န်အိတ်ချ်ကေ