ဂျပန်နိုင်ငံတွင် လူခုနစ်ဦးကို သတ်ဖြတ်မှု ကျူးလွန်သူအား သေဒဏ်စီရင်ချမှတ်

 

တိုကျို ဇူလိုင် ၂၆


ဂျပန်နိုင်ငံ တိုကျိုမြို့တွင် လွန်ခဲ့သည့် ၁၄ နှစ်က ဓားဖြင့် ထိုးသတ်မှု ကျူးလွန်ခဲ့သူ အမျိုးသားတစ်ဦးကို ဇူလိုင် ၂၆ ရက် နံနက်ပိုင်းတွင် သေဒဏ်စီရင်လိုက်ကြောင်း   အင်န်အိတ်ချ်ကေသတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။ 

 


ကာတိုတိုမိုဟီရို သည်  ၂၀၀၈ ခုနှစ်  ဇွန်လက တိုကျိုမြို့   အာကီဟာဘာရာ ဈေးအရပ်၌   ဈေးဝယ်သူ   လူအုပ်စု တစ်စုကို   ထရပ်ကားဖြင့်   ဝင်တိုက်ပြီး လမ်းသွားလမ်းလာများကို  ဓားဖြင့် ထိုးသတ်ခြင်းတို့ဖြင့်  တရားစွဲ ဆိုခံထားရသူဖြစ်သည်။   ထိုကဲ့သို့  ထိုးသတ်ခြင်းကြောင့်  လူခုနစ် ဦးသေဆုံးပြီး  ၁၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

 


၂၀၁၅   ခုနှစ်တွင်   နိုင်ငံတော်တရားရုံးချုပ်သည်   ကာတို၏ အယူခံဝင်မှုကို    ပယ်ချခဲ့ပြီး   သေဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါ သေဒဏ်စီရင်မှုသည် လက်ရှိဝန်ကြီးချုပ်  ကီရှီဒါ ဖူမီယို၏ လက်ထက်တွင်   ဒုတိယမြောက်  သေဒဏ်ပေးမှုခံရခြင်းဖြစ်ပြီး ပထမအကြိမ်သေဒဏ်ပေးမှုသည်   ဒီဇင်ဘာလက  ဖြစ်ကြောင်း သိရသည်။                                                                                                                            

အင်န်အိတ်ချ်ကေ