ဂျပန်နိုင်ငံတွင် အီတာ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးစိတ်သစ်တစ်မျိုး ကူးစက်ပျံ့နှံ့လျက်ရှိ

 

တိုကျို စက်တင်ဘာ ၁၀ 


ဂျပန်နိုင်ငံတွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးစိတ်သစ် တစ်မျိုးဖြစ်သည့်   အီတာ  ကူးစက်ခံရသူ ၁၈ ဦး ရှိကြောင်းနှင့်   ယခုလို ကူးစက်မှုမျိုး  ပထမဆုံး ဖြစ်ပွားခြင်းဖြစ်ကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီး ဌာနက အတည်ပြုဖော်ပြသည်။ 
အီတာ  ဗီဇပြောင်းမျိုးစိတ်သစ်ကို လွန်ခဲ့သော နှစ် ဒီဇင်ဘာတွင် ဗြိတိန်တွင် ခြေရာခံတွေ့ရှိခဲ့ခြင်း ဖြစ်သည်။    ကမ္ဘာ့ကျန်းမာရေးအဖွဲ့က   အဆိုပါ ဗီဇပြောင်းမျိုးစိတ်သစ်ကို  စိတ်ဝင်စားစရာကောင်း သော ကိုဗစ်-၁၉ အသွင်ပြောင်း မျိုးစိတ်စာရင်းထဲ မတ်လက ထည့်သွင်းခဲ့သည်။ 
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလနှင့် ယခုနှစ် စက်တင်ဘာ လ  ၃  ရက်ကြား  ဂျပန်နိုင်ငံသို့   ရောက်ရှိပြီးနောက် သီးသန့်ကန့်သတ်စောင့်ကြည့်စခန်းများတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုဖြင့် စောင့်ကြည့်မှု ခံယူနေသူ များထံမှ ရယူထားသော နမူနာများကို  မျိုးရိုးဗီဇ ဆိုင်ရာ လေ့လာမှုများပြုလုပ်ပြီးနောက် ယခုလိုမျိုး ကိုဗစ်-၁၉ မျိုးစိတ်သစ်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ 
အဆိုပါလေ့လာမှုကို     ကူးစက်ရောဂါဆိုင်ရာ အမျိုးသားအင်စတီကျူက  ဆောင်ရွက်ခဲ့ခြင်းဖြစ် သည်။ 
အီတာ  ကိုဗစ်-၁၉    ဗီဇပြောင်းမျိုးစိတ်သစ် သည် အဓိကအားဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပအပါအဝင် နိုင်ငံပေါင်း ၇၀ ကျော်သို့ ကူးစက် ပျံ့နှံ့လျက်ရှိကြောင်း မျိုးရိုးဗီဇဆိုင်ရာ ဖြစ်စဉ်များကို မှတ်တမ်းတင်ထားသော   ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြထားသည်။ 
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးစိတ်သစ်ငါးမျိုးကို စိတ်ဝင်စားစရာကောင်းသော ကိုဗစ်-၁၉    ဗီဇပြောင်း    မျိုးစိတ်စာရင်းထဲတွင် ထည့်သွင်းထားကြောင်းသိရပြီး အဆိုပါ  ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးစိတ်သစ်ငါးမျိုးစာရင်းတွင်   အဓိက အားဖြင့် တောင်အမေရိကတွင် ကူးစက်ဖြစ်ပွားလျက် ရှိသော    လမ်ဒါဗီဇပြောင်းမျိုးစိတ်သစ်၊   တောင် အမေရိကနှင့် ဥရောပတွင် ကူးစက်ဖြစ်ပွားလျက် ရှိသော မျူ ဗီဇပြောင်းမျိုးစိတ်သစ်၊ အိန္ဒိယနိုင်ငံတွင် ပထမဆုံးတွေ့ရှိခဲ့သော   ကပ်ပါဗီဇပြောင်းမျိုးစိတ် သစ်တို့ ပါဝင်ကြသည်။ 


အင်န်အိတ်ချ်ကေ