ဂျပန်နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု တဖြည်းဖြည်းမြင့်တက်

 

တိုကျို   ဇူလိုင်  ၂၁ 


ဂျပန်နိုင်ငံတစ်ဝန်း   ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု    အရေအတွက် တဖြည်းဖြည်း     မြင့်တက်လာ ကြောင်း  ဂျပန်ကျန်းမာရေးဝန်ကြီး ဌာနက ဇူလိုင် ၂၁ ရက်က သတင်း ထုတ်ပြန်လိုက်သည်။ 


ဇူလိုင် ၁၆ ရက်အထိ ခုနစ်ရက် တာ  ကာလအတွင်း   ဂျပန်နိုင်ငံ တစ်ဝန်း       ဆေးဘက်ဆိုင်ရာ အဆောက်အအုံပေါင်း ၅၀၀၀ ခန့် မှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ အရေအတွက်    ၅၄၁၅၀   ရှိခဲ့ ကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ဆက်လက်ဖော်ပြထားသည်။ အဆိုပါပမာဏသည်  လွန်ခဲ့သော သီတင်းပတ်ကထက်    ၉၀၄၂ ဦး တိုးလာခြင်းဖြစ်သည်။ 


ဆေးဘက်ဆိုင်ရာအဆောက် အအုံများတွင်  ပျမ်းမျှ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၁၁ ဒသမ ၀၄ ရှိခဲ့ပြီး လွန်ခဲ့သော သီတင်းပတ် ထက် ၂၁ ရာခိုင်နှုန်း  တိုးလာခဲ့ သည်။      အဆိုပါပမာဏသည် (၁၅)   ကြိမ်မြောက်  တစ်ပတ်ပြီး တစ်ပတ်   ကိုဗစ်-၁၉   ကူးစက် ဖြစ်ပွားသူ တိုးလာခြင်းဖြစ်သည်။ 


ခရိုင်အနေဖြင့်   အိုကီနာဝါ ခရိုင်တွင်    ကိုဗစ်-၁၉  ကူးစက် ဖြစ်ပွားသူ      အမြင့်ဆုံးဖြစ်ကာ ဆေးရုံတစ်ခုလျှင်   ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ  ၃၁ ဒသမ ၈၃ ဖြစ်သည်။ ထို့နောက်  ဆာဂါတွင် ၂၃ ဒသမ ၀၅ နှင့် မီယာဇာကီတွင် ၂၀ ဒသမ ၇၉ ရှိသည်။ 
နိုင်ငံ၏ခရိုင် ၄၇ ခုအနက် ၄၃ ခရိုင်တွင်  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား သူများရှိခဲ့သည်။ ဇူလိုင် ၁၆ ရက် အထိ သီတင်းတစ်ပတ်တာကာလ အတွင်း       ကိုဗစ်-၁၉ ကြောင့် ဆေးရုံတက်ရသူ ၆၉၅၂ ဦးရှိပြီး လွန်ခဲ့သော    သီတင်းပတ်ထက် ၆၃၂ ဦးတိုးလာခဲ့သည်။ ဂျပန်နိုင်ငံ ၌  ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားသူ       မြင့်တက်လာသည့်နည်းတူ ကျူရှူး၊   ချူကိုကူနှင့်ရှီကိုကူတို့တွင် တစ်ပတ် ပြီးတစ်ပတ်   ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ စံချိန်တင်ခဲ့သည်။ 


ယခုနှစ်နွေရာသီတွင်  ဖြစ်နိုင် သည့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား မှုများအတွက် ကြိုတင်ပြင်ဆင်ထား ကြရန် ခရိုင်အစိုးရများကို   ကျန်းမာ ရေးဝန်ကြီးဌာနက    တိုက်တွန်း ထားသည်။      


အင်န်အိတ်ချ်ကေ