
တိုကျို ဇူလိုင် ၂၈
ဂျပန်နိုင်ငံတစ်ဝန်း အသက်အန္တရာယ်ခြိမ်းခြောက် နိုင်သည့် အပူချိန်မြင့်တက်မှုများ ဖြစ်ပွားမည်ဟု ခန့်မှန်းခဲ့သည်။ ထို့ကြောင့် အပူချိန်ကို ရှောင်ရှားရန် သက်ဆိုင်ရာတာဝန်ရှိသူများက တိုက်တွန်းထား သည်။
ဇွန်လတွင် နိုင်ငံတစ်ဝန်း အပူလျှပ်လူနာပေါင်း ၇၂၃၅ ဦးကို ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း ဂျပန် မီးသတ်နှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီက ဖော်ပြခဲ့သည်။
လွန်ခဲ့သောနှစ် ဇွန်လတွင် အပူလျှပ်လူနာပေါင်း ၁၅၉၆၉ ဦးဖြင့် အများဆုံး မှတ်တမ်းတင်ခဲ့ပြီးနောက် ယခုနှစ်ဇွန်လသည် အပူလျှပ်လူနာစာရင်း ကောက်ယူ ခဲ့သည့် ၂၀၁၀ ပြည့်နှစ်မှစကာ ဒုတိယအကြိမ် အပူလျှပ်လူနာအများဆုံး ဖြစ်ပွားခဲ့သည့်လ ဖြစ်ခဲ့ သည်။
အပူလျှပ်ခြင်းကြောင့် နှစ်ဦး သေဆုံးခဲ့ပြီး ၂၂၇၉ ဦး ဆေးရုံတင်ရန် လိုအပ်ခဲ့သည်။ ၄၉၁၁ ဦး မှာ အပူလျှပ်ခြင်းကို အသင့်အတင့်ခံစားခဲ့ရသည်။
လွန်ခဲ့သောလ အပူလျှပ်လူနာစုစုပေါင်း၏ ထက်ဝက်ခန့်မှာ အသက် ၆၅ နှစ် သို့မဟုတ် ထို့ထက် အသက်ကြီးသူများ ဖြစ်ကြသည်။
မြင့်မားသော လေထုဖိအားစနစ်က ဂျပန်နိုင်ငံ အနောက်ပိုင်းမှ ဂျပန်နိုင်ငံမြောက်ပိုင်းတစ်လျှောက် အပူချိန်ကို မြင့်တက်စေကြောင်း မိုးလေဝသဌာနက ပြောသည်။
တိုကျိုမြို့လယ်တွင် အပူချိန် ၃၅ ဒသမ ၆ ဒီဂရီ ဆဲလ်စီးယက်စ်အထိမြင့်တက်နေချိန်တွင် မြို့တော် တိုကျိုအနီး ဆိုင်တီမာခရိုင် ကာဂိုရှီးမားမြို့တွင် မွန်းလွဲပိုင်း၌ အပူချိန်သည် ၃၇ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယက်စ်အထိ မှတ်တမ်းတင်မြင့်တက်ခဲ့ သည်။
မွန်းလွဲပိုင်းတွင် အပူချိန်သည် ပို၍မြင့်တက် ဦးမည်ဟု ခန့်မှန်းခဲ့သည်။
ကျိုတိုမြို့တွင် အပူချိန်သည် ၃၉ ဒီဂရီအထိ မြင့်တက်ခဲ့ပြီး အိုဆာကာ၊ နာဂိုယာနှင့် ဆိုင်တီမာမြို့ များတွင် အပူချိန်သည် ၃၈ ဒီဂရီအထိ အသီးသီး မြင့်တက်ခဲ့သည်။
ဂျပန်နိုင်ငံတွင် ခရိုင် ၄၇ ရှိသည့်အနက် ၃၅ ခုတွင် အပူလျှပ်ခြင်းဆိုင်ရာ သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။
အင်န်အိတ်ချ်ကေ