ဂျပန်နိုင်ငံရှိ ဖူဂျီတောင် ပေါက်ကွဲခဲ့မည်ဆိုပါက ကယ်ဆယ်ရေးအစီအစဉ်ကောင်းတစ်ခု ရှိနေပြီဟုဆို

 

တိုကျို    မတ်    ၂၉ 


ဂျပန်နိုင်ငံရှိ ဖူဂျီတောင်ကြီးသည် နှစ်ပေါင်း    ၃၀၀   ကျော်အထိ မပေါက်ကွဲဘဲ        ရှိနေခဲ့သည်။ သို့သော်လည်း        တောင်ကြီး ပေါက်ကွဲခဲ့ပါက အဆိုပါပေါက်ကွဲ မှုကို အကောင်းဆုံး လုပ်ဆောင် သွားရန်   ဂျပန်နိုင်ငံ၌     မဟာ ဗျူဟာသစ်တစ်ခု           ရှိနေပြီ ဖြစ်သည်။ 

 


ကြီးမားသော      မီးတောင် ပေါက်ကွဲမှုသည်      အိမ်နီးချင်း အသိုင်းအဝိုင်းများအတွက် ဘေး ဒုက္ခဖြစ်စေနိုင်ပြီး တိုကျိုရှိ နေ့စဉ် လူနေမှုဘဝကို      ထိခိုက်စေနိုင် သည်။ ကယ်ဆယ်ရေးအစီအစဉ် ကို မတ် ၂၉ ရက်က စတင်ခဲ့သည်။  အဆိုပါအစီအစဉ်ကို ဗဟိုအစိုးရ နှင့်အတူ ခရိုင်သုံးခုက လုပ်ဆောင် ခဲ့ခြင်းဖြစ်သည်။      ရှီဇူအိုကာ၊ ယာမာနာရှီ၊ ကန်နာဂါဝါ ခရိုင် များတွင် နေထိုင်သူ ၈၀၀၀၀၀ ခန့် ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ ပေးရမည်ဖြစ်သည်။ 

 


အဆိုပါ         အစီအစဉ်အရ  ကယ်ဆယ်ရေးဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်ကိုမျှ ချန်ထား ခဲ့မည်မဟုတ်ပေ။      ပေါက်ကွဲမှု မဖြစ်မီ လူများကို ကယ်ထုတ်ရန်  လုပ်ဆောင်သွားမည်  ဖြစ်သည်။ ရာသီဥတုပေါ်မူတည်ပြီး မီးတောင် ပြာများသည်       တိုကျိုမြို့လယ် အထိရောက်ရှိနိုင်သည်။ သက်ဆိုင် ရာအာဏာပိုင်များသည် အဆိုပါ အစီအစဉ်ကို        လူနေမှုပုံစံနှင့် ကိုက်ညီအောင်      အသေးစိတ် လုပ်ဆောင်လျက်ရှိသည်။ 


အင်န်အိတ်ချ်ကေ