ဂျပန်နိုင်ငံရှိ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုလျော့နည်းကျဆင်းသည့်ဒေသများ၌ ပြုလုပ်သော ကျောင်းအခမ်းအနားပွဲများတွင် ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရန်မလိုအပ်ကြောင်း ကျွမ်းကျင်ပညာရှင်များပြော

 

တိုကျို   ဖေဖော်ဝါရီ   ၈


ဂျပန် ကိုဗစ်-၁၉ ကျွမ်းကျင်ပညာ ရှင်များက    ကိုဗစ်-၁၉   ကူးစက် ဖြစ်ပွားမှု    လျော့နည်းကျဆင်း သည့်   ဒေသများတွင်    ကျောင်း အခမ်းအနားပွဲများ၌       ပါးစပ် နှာခေါင်းစည်းတပ်ဆင်ရန် မလို အပ်တော့ကြောင်း     ပြောကြား လိုက်သည်။ 

 


ကျန်းမာရေး    ဝန်ကြီးဌာန ကိုဗစ်-၁၉ ကျွမ်းကျင်ပညာရှင် အဖွဲ့ဝင်နှင့်     တခြားသူများက ကျောင်းအခမ်းအနား    ပွဲများ မတိုင်မီ အဆိုပါကြေညာချက်ကို ဖော်ပြခဲ့သည်။      ဂျပန်နိုင်ငံရှိ ကျောင်းများသည်    မတ်လတွင် ကျောင်းဆင်းပွဲများ   ပြုလုပ်လေ့ ရှိပြီး ဧပြီလတွင် ဝင်ခွင့်စာမေးပွဲ များ ကျင်းပလေ့ရှိသည်။ 

 


လူတိုင်း ပါးစပ်နှာခေါင်းစည်း  များ   တပ်ဆင်ထားသောကြောင့်  ကျောင်းတွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုများ လျော့နည်းကျဆင်း လာပြီဖြစ်ကြောင်း       အဆိုပါ ကြေညာချက်တွင်    ဆက်လက် ဖော်ပြထားသည်။    ကျောင်းသား များသည် ဘဝ၏သမိုင်းမှတ်တိုင် ဖြစ်လာမည့်     ကျောင်းဆင်းပွဲ များကို      ပါးစပ်နှာခေါင်းစည်း မတပ်ဘဲ တက်ရောက်ချင်ကြမည် ဟု     နားလည်   သဘောပေါက် ကြောင်း     ကျွမ်းကျင်သူများက ပြောသည်။ 

 


အဆိုပါ    ကြေညာချက်တွင်  ကိုဗစ်-၁၉     ကူးစက်ဖြစ်ပွားမှု  လျော့နည်းကျဆင်းသွားသည်ဟု  သတ်မှတ်ခံရသည့်   ဒေသများရှိ သက်ဆိုင်ရာ      အခမ်းအနားပွဲသို့ တက်ရောက်မည့်      သူများသည် ပါးစပ်နှာခေါင်းစည်း    တပ်ဆင် ရန်    မလိုအပ်ကြောင်း     ဖော်ပြထားသည်။ 

 


သို့သော်လည်း      နေထိုင် မကောင်းဖြစ်ပါက အခမ်းအနား ပွဲများသို့ တက်ရောက်ခြင်းမပြုဘဲ  ရှောင်ကြဉ်ရန်လည်း တိုက်တွန်း ထားသည်။    ထို့အပြင်    အခမ်း အနားပွဲ တက်ရောက်သူများသည် တစ်ယောက်နှင့်    တစ်ယောက် ခပ်ခွာခွာနေရမည်ဖြစ်ပြီး အနီးကပ်  စကားပြောဆိုခြင်းများ မပြုလုပ် ဘဲ ရှောင်ကြဉ်ရန်လည်း အကြံပြု ထားသည်။    အခမ်းအနားပွဲများ သည်   လေဝင်လေထွက်ကောင်း ရမည်ဖြစ်ကြောင်းနှင့်     ပါးစပ်  နှာခေါင်းစည်းတပ်ဆင်ခြင်းသည်  ပုဂ္ဂလိက  ဆုံးဖြတ်ချက်ဖြစ်သည့် အတွက်      လေးစားရမည်ဖြစ် ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။ 


အင်န်အိတ်ချ်ကေ