
တိုကျို မတ် ၂၄
ဂျပန်နိုင်ငံ၌ စားသောက်ကုန် ဈေးနှုန်းများ မြင့်တက်လာခြင်း ကြောင့် စူပါမားကတ်ရောင်းချမှု မှာ ဖေဖော်ဝါရီလတွင် ရှစ်လ အတွင်း ပထမဆုံးအကြိမ် ကျဆင်းခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်လက စတိုးဆိုင် ကြီးများတွင် စုစုပေါင်း ယန်း ၁ ထရီလီယံခန့် (ဒေါ်လာ ၇ ဒသမ ၆ ဘီလီယံခန့်) ရောင်းချရကြောင်း ဂျပန်ဆိုင်ခွဲ အရောင်းဆိုင်များ အသင်းက ပြောကြားသည်။
အဆိုပါ ပမာဏမှာ အစော ပိုင်းနှစ်ကထက် ၂ ရာခိုင်နှုန်း လျော့နည်းသွားကြောင်း သိရ သည်။ စုစုပေါင်း၏ ၇၀ ရာခိုင် နှုန်းခန့်မှာ စားသောက်ကုန်ပစ္စည်း များ၏ ရောင်းအားဖြစ်ပြီး ယင်းမှာ ၁ ဒသမ ၇ ရာခိုင် နှုန်းလျော့ကျသွား ကြောင်း၊ သို့သော်လည်း ကိုဗစ်-၁၉ ကူးစက်မှု လျော့နည်းလာ သဖြင့် လူများ အပြင်ပိုထွက်လာ ခြင်းကြောင့် အဝတ်အထည်များ နှင့် အလှကုန်များ ရောင်းအား တိုးလာကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ