ဂျပန်နိုင်ငံရှိ အသက် ၁၈ နှစ်အရွယ် ၁ ဒသမ ၁၂ သန်းမှာ နှစ်သစ်ကူးနေ့ ပါဝင်ဆင်နွှဲမည်

 

တိုကျို   ဒီဇင်ဘာ   ၃၁
ဂျပန်နိုင်ငံတွင် လူပေါင်း ၁ ဒသမ ၁၂ သန်းခန့် သို့မဟုတ် လူဦးရေ အားလုံး၏ ၁ ရာခိုင်နှုန်းအောက် သည်  အသက် ၁၈ နှစ်အရွယ်သစ် အဖြစ် နှစ်သစ်ကူးနေ့ကို ဆင်နွှဲ မည်ဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံသည် အရွယ်ရောက် ပြီးသူ၏   တရားဝင်   အသက်ကို ဧပြီလအတွင်း ၂၀ မှ ၁၈ နှစ်အထိ လျှော့ချခဲ့ကြောင်း သိရသည်။ 
နှစ်သစ်ကူးနေ့အဖြစ် အသက် ၂၀  အစား     အသက် ၁၈ နှစ် အဖြစ်   ပြန်လည်ပြင်ဆင်မှုအပေါ် အခြေခံပြီး  နောက်ထပ်  အရွယ် ရောက်ပြီးသူ   အရေအတွက်ကို    ပြည်တွင်းရေးရာ ဝန်ကြီးဌာနက  ပထမဆုံးအကြိမ်အဖြစ် ကြေညာ ခဲ့သည်။     
နိုင်ငံအတွင်း ဇန်နဝါရီ ၁ ရက် အထိ   အသက် ၁၈ နှစ်အရွယ်     အမျိုးသား ၅၇၀၀၀၀   ခန့်နှင့်    အမျိုးသမီး ၅၄၀၀၀၀ ခန့်ရှိမည်ဟု ဝန်ကြီးဌာနက ခန့်မှန်းထားသည်။ အသက် ၁၉ နှစ်အရွယ် ၁ ဒသမ ၁၃ သန်းနှင့် အသက် ၂၀ အရွယ် ၁ ဒသမ  ၁၇ သန်းရှိမည်ဟု   သိရ သည်။ 
အင်န်အိတ်ချ်ကေ