
တိုကျို ဒီဇင်ဘာ ၁၂
ဂျပန်နိုင်ငံသည် ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ယန်း ၁၀၀၀၀ တန် (အမေရိကန်ဒေါ်လာ ၆၉)၊ ယန်း ၅၀၀၀ တန်နှင့် ယန်း ၁၀၀၀ တန် ငွေစက္ကူတို့ကို အသစ်ထုတ်မည်ဖြစ် ကြောင်း၊ ၂၀၀၄ ခုနှစ်ကတည်းမှ စကာ ပထမဆုံးအကြိမ် ပုံစံသစ် ပြန်လည်ထုတ်ခြင်းဖြစ်ကြောင်း အစိုးရက ဒီဇင်ဘာ ၁၂ ရက်က ပြောကြားလိုက်သည်။
ယန်း ၁၀၀၀၀ တန် အသစ် တွင် ဂျပန်အရင်းရှင်ဝါဒ ဖခင်ကြီး ဟု တင်စားထားသည့် စက်မှု လုပ်ငန်းရှင် Eiichi Shibusawa ၏ ရုပ်ပုံပါဝင်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဂျပန် (ဗဟို)ဘဏ်၏ သတင်းများအရ သိရသည်။
ယန်း ၅၀၀၀ တန်အသစ်တွင် အမျိုးသမီးများ၏အဆင့်မြင့်ပညာရေး လမ်းသစ်တီထွင် ပညာ ဖြန့်ဝေသူတစ်ဦးဖြစ်သည့် Umeko Tsuda ရုပ်ပုံပါမည်ဖြစ်သည်။
ယန်း ၁၀၀၀ တန်အသစ်တွင် အဏုဇီဝပညာရှင်တစ်ဦးဖြစ်သည့် Shibasaburo ၏ ပုံပါရှိမည်ဖြစ် သည်။ ငွေစက္ကူအသစ်များ ရိုက်နှိပ် ထုတ် ဝေပြီးနောက်တွင် လက်ရှိ သုံးစွဲလျက်ရှိသော ငွေစက္ကူများကို လည်း တရားဝင်ဆက်လက်သုံးစွဲ နိုင်မည်ဖြစ်ကြောင်း ဖော်ပြထား သည်။
ငွေအတု ထုတ်လုပ်ခြင်းကို ကာကွယ်နိုင်ရန် လက်ရှိအသစ် ထုတ်မည့် ငွေစက္ကူများတွင် သုံးဖက်မြင် ဓာတ်ပုံနည်းပညာရပ် ကို အသုံးပြုသွားမည်ဖြစ်ကြောင်း အစိုးရက ပြောသည်။
ဆင်ဟွာ