ဂျပန်နိုင်ငံ၌ သက်ကြီးရွယ်အို ၈၀ ရာခိုင်နှုန်းနီးပါး ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးပြီးဖြစ်

 

တိုကျို ဇူလိုင် ၁၆


ဂျပန်နိုင်ငံတွင် သက်ကြီးရွယ်အို ၈၀ ရာခိုင်နှုန်းနီးပါး ကို ကိုဗစ် - ၁၉ ကာကွယ်ဆေးအနည်းဆုံး တစ်ကြိမ် ထိုးပေးပြီးဖြစ်သည်ဟု    ဂျပန်အစိုးရက  ပြော သည်။ 
၎င်းတို့ထဲမှ ထက်ဝက်နီးပါးခန့်မှာ နှစ်ကြိမ်တိုင် ကာကွယ်ဆေးထိုးပြီးဖြစ်သည်။   ဂျပန်နိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရေး အစီအစဉ်ကို ဖေဖော်ဝါရီလအတွင်းက စတင်ခဲ့ပြီး ဆေးဝန်ထမ်း များကို ဦးဆုံးကာကွယ်ဆေးထိုးပေးခဲ့သည်။


ဧပြီလအတွင်းမှစတင်ကာ    အသက် ၆၅ နှစ် ပြည့်ပြီးသူများကို ကာကွယ်ဆေးထိုးပေးမှု   စတင်ခဲ့ သည်။ 
အစိုးရ၏ ဇူလိုင် ၁၄ ရက်တွင်  ထုတ်ပြန်သည့် အချက်အလက်များအရ သက်ကြီးရွယ်အို ၇၉ ဒသမ ၂၈ ရာခိုင်နှုန်းကို အနည်းဆုံးတစ်ကြိမ် ကာကွယ်ဆေး ထိုးပေးပြီးပြီဟု သိရသည်။


ဆင်ဟွာ