ဂျပန်နိုင်ငံ၌ နှင်းထူထပ်စွာကျမှုကြောင့် လူ ရှစ်ဦးထက်မနည်း သေဆုံး

 

တိုကျို  ဒီဇင်ဘာ  ၂၃
မကြာသေးမီ     အချိန်အတွင်း ဂျပန်      ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်   နှင်းများထူထပ်စွာ ကျမှုကြောင့်     လူရှစ်ဦးထက် မနည်း    သေဆုံးခဲ့ကြောင်း   ဂျပန် မီးသတ်နှင့် သဘာဝဘေးစီမံခန့်ခွဲ မှု အေဂျင်စီက ပြောသည်။
ပြီးခဲ့သည့်   သီတင်းပတ်မှ စတင်ကာ  ဒီဇင်ဘာ  ၂၃  ရက် နံနက် ၈ နာရီအထိ  နှင်းမုန်တိုင်း ကြောင့်  ဒဏ်ရာရရှိသူ   ၄၅  ဦး ရှိသည်ဟု အေဂျင်စီက ပြောသည်။ ကာရှီဝါဇာကီမြို့၌  ကားအတွင်း သေဆုံးနေသည့်   အသက်   ၂၀ ဝန်းကျင်    အမျိုးသမီးတစ်ဦးကို တွေ့ရှိရသည်ဟု အာဏာပိုင်များ ကပြောသည်။ နှင်းများကြောင့်ကားအိတ်ဇောပိုက်ပိတ်သွားခဲ့ပြီး ကာဗွန်မိုနောက်ဆိုဒ်  အဆိပ်သင့် ကာ  သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရဲများက သံသယရှိသည်။  
နီဂါတာခရိုင်ရှိ အသက်  ၈၀ ဝန်းကျင်     သုံးဦးမှာမူ   ၎င်းတို့ နေအိမ်တစ်ဝိုက်ရှိ    နှင်းများကို ရှင်းလင်းရန် ကြိုးပမ်းရင်း သေဆုံး ခဲ့သည်ဟု သိရသည်။  ဂျပန်နိုင်ငံ မြောက်ပိုင်း အာကီတာခရိုင်တွင် မူ ဒီဇင်ဘာ ၂၁ ရက်က  အသက် ၈၀   ဝန်းကျင်   အမျိုးသားတစ်ဦး နှင်းများအောက်သေဆုံးနေသည် ကို တွေ့ရှိခဲ့ရသည်။ အသက် ၇၀ ဝန်းကျင်   အမျိုးသားတစ်ဦးမှာမူ ၎င်းနေအိမ်ပေါ်မှ     နှင်းများကို ရှင်းလင်းရန် ကြိုးပမ်းရင်းအသက် သေဆုံးခဲ့ရသည်။ 
ဟော့ကိုင်းဒိုး၊     အကီတာ၊ ယာမာဂါတာ၊   နီဂါတာနှင့်    အီရှီ ကာဝါခရိုင်တို့တွင်   နှင်းထူထပ် စွာ      ကျမှုကြောင့်    သေဆုံးသူ     ရှစ်ဦးရှိလာပြီဟု အာဏာပိုင်များ က  ပြောသည်။ ခရိုင်ခြောက်ခုတွင် နှင်းကြောင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိသူ ၁၉ ဦးရှိပြီး  အသေးစား ဒဏ်ရာရရှိသူ  ၂၆  ဦးရှိသည်ဟု အာဏာပိုင်များက ပြောသည်။ 
အင်န်အိတ်ချ်ကေ