
တိုကျို မတ် ၄
ဂျပန်ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက်၌ ငလျင်ကြီးများ လှုပ်ခတ် ပြီး နောက်ဆက်တွဲအကျိုးဆက်များကြောင့် လူပေါင်း ၇၆၀၀၀ ခန့် သေဆုံးနိုင်ဖွယ်ရှိကြောင်း ဂျပန်လူမျိုး ကျွမ်းကျင်သူတစ်ဦးက ခန့်မှန်းထားသည်။
လာမည့် နှစ် ၃၀ အတွင်း ငလျင်ပြင်းအား ၈ အဆင့်မှ ၉ အဆင့် အထိ ရှိနိုင်သော ငလျင်လှုပ်နိုင်ခြေ ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်း အထိ ရှိကြောင်း၊ ထို့အပြင် ကြီးမားသော ငလျင်လှုပ်ခတ်မှုဒေသမှ လူပေါင်း ၉ ဒသမ ၅ သန်းမှာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရဖွယ် ရှိကြောင်းလည်း ခန့်မှန်းထားသည်။ အဆိုးဆုံးအခြေအနေတွင် တိုက်ရိုက်သေဆုံးနိုင်ခြေရှိသူမှာ ၃၂၃၀၀၀ ခန့်ရှိနိုင်ပြီး ထိခိုက် ဒဏ်ရာရရှိသူမှာလည်း လူပေါင်း ၆၂၃၀၀၀ အထိ ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
ကြီးမားသော ငလျင်လှုပ်မှုအတွင်း ဘေးလွတ်ရာ ရွှေ့ပြောင်းခြင်းနှင့် ကျန်းမာရေးအခြေအနေ ဆိုးရွားလာပါက သေဆုံးသူ ဆက်လက်မြင့်တက်လာနိုင်ကြောင်း ခန်းဇိုင်းတက္ကသိုလ် မှ ပါမောက္ခတစ်ဦးဖြစ်သူ အိုကူမူရာ ယိုရှီဟီရိုက အင်န်အိတ်ချ်ကေ သို့ ပြောသည်။
ဂျပန်နိုင်ငံ၌ ၂၀၁၁ ခုနှစ် မတ်လတွင် ငလျင်လှုပ်မှုနှင့် ဆူနာမီ ကြောင့် လူသေဆုံးမှုများရှိသော်လည်း ၎င်းနှင့်တိုက်ရိုက်မဟုတ်ဘဲ သေဆုံးသူပေါင်း ပြီးခဲ့သည့်နှစ် မတ်လကုန်အထိ ၃၇၈၉ ဦးရှိကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ