ဂျပန်နိုင်ငံ၌ မတ် ၁၄ ရက်မှစကာ ကိုဗစ်-၁၉ နယ်စပ်ထိန်းချုပ်မှုများကို ထပ်မံဖြေလျှော့ပေးတော့မည်

 

တိုကျို   မတ်   ၄ 


ဂျပန်နိုင်ငံသည် နေ့စဉ် နိုင်ငံတကာမှ ဝင်ရောက်သူ လက်ရှိ ၅၀၀၀ မှ ၇၀၀၀ ထိ တိုးလာ သောကြောင့် မတ် ၁၄ ရက်မှစကာ ကိုဗစ်-၁၉ နယ်စပ်ထိန်းချုပ်မှု များကို ထပ်မံဖြေလျှော့ပေးတော့ မည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီးဒါးက မတ် ၃ ရက်က ပြောကြားလိုက်သည်။ 

 


စီးပွားရေးကိစ္စ ခရီးသွားလာခြင်းမများသေးခြင်း  ကြောင့် နိုင်ငံခြားကျောင်းသားများကို ဝင်ခွင့်ပြုရေး သည် ဦးစားပေးကိစ္စရပ်ဖြစ်ကြောင်း  သတင်းစာ ရှင်းလင်းပွဲတွင် ကီရှီးဒါးက ပြောကြားလိုက်သည်။ 

 


ဂျပန်သို့ ကျောင်းသားများလာရောက်ရာတွင် ကူညီသွားမည်ဖြစ်ကြောင်း၊ အဆိုပါကျောင်းသား များသည် နိုင်ငံ့ရတနာများဖြစ်ကြောင်း ကီရှီးဒါးက ပြောကြားလိုက်သည်။ 

 


နိုင်ငံခြားသားကျောင်းသားများသည်   ဧပြီ ကျောင်းဖွင့်ရာသီမတိုင်မီ ဂျပန်နိုင်ငံကို ဝင်နိုင်ပါ့ မလားဆိုပြီး စိုးရိမ်မှုများ မြင့်တက်လက်ရှိကြောင်း ၎င်းက ပြောသည်။ 

 


လွန်ခဲ့သောနှစ် နှစ်က ချမှတ်ခဲ့သော ကိုဗစ်-၁၉ ခရီးသွားလာရေးကန့်သတ်ချက်ကြောင့် ဂျပန်နိုင်ငံ သို့ ဝင်ရောက်ရန် ကျောင်းသားပေါင်း ၁၅၀၀၀၀ ခန့် စောင့်ဆိုင်းလျက်ရှိသည်။ 


ဆင်ဟွာ