
တိုကျို မေ ၂၇
ဂျပန်ကျန်းမာရေးဝန်ကြီးက ဂျပန်နိုင်ငံတွင် monkeypox ကူးစက် ရောဂါ ဖြစ်ပွားခြင်းမရှိသေးကြောင်း မေ ၂၇ ရက်က အတည်ပြု ပြောကြားလိုက်သည်။
နိုင်ငံအတော်များများတွင် monkeypox ကူးစက်ရောဂါ ကူးစက် ဖြစ်ပွားမှုမြင့်တက်နေမှုကို စိုးရိမ်နေချိန်တွင် ဂျပန်ကျန်းမာရေး ဝန်ကြီး ရှီဂီယူကီ ဂိုတိုက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ထိုသို့ မှတ်ချက်ပြုပြောကြားလိုက်ခြင်းဖြစ်သည်။
ဂိုတိုက ဂျပန်နိုင်ငံတွင် monkeypox ရောဂါ ကူးစက်ဖြစ်ပွား တွေ့ရှိပါက တရားဝင်ဖော်ပြသွားမည်ဖြစ်ကြောင်း သတင်းထောက် များကို ပြောကြားလိုက်သည်။ သို့သော်လည်း ဂျပန်အစိုးရအနေဖြင့် ယခုအချိန်အထိ ထိုကဲ့သို့ ဖော်ပြခြင်းမျိုးမရှိသေးကြောင်း သတင်း ထောက်များကို ဆက်လက်ပြောကြားလိုက်သည်။
ဂျပန်ကျန်းမာရေးဝန်ကြီးက ဂျပန်နိုင်ငံတွင် ပြည်တွင်းထုတ် ရေကျောက်ရောဂါ ကာကွယ်ဆေးအမြောက်အမြားရှိကြောင်း ထပ်မံပြောကြားလိုက်သည်။
ဆင်ဟွာ