
တိုကျို သြဂုတ် ၃
ဂျပန်နိုင်ငံ ယာမာဂါတာခရိုင် တောင်ပိုင်းရှိ မြူနီစီပယ်ဒေသ ခြောက်ခုတွင် မိုးသည်းထန်စွာရွာသွန်းမည့်အရေးပေါ်သတိပေးချက်တစ်ရပ်ကို မိုးလေဝသအရာရှိများက ထုတ်ပြန်ခဲ့သည်။
အဆင့်ငါး သတိပေးချက်သည် ဂျပန်နိုင်ငံ၏ သဘာဝဘေးအန္တရာယ် သတိပေးချက်အဆင့်တွင် အမြင့်ဆုံးဖြစ်သည်။
အရေးပေါ် သတိပေးချက်ထုတ်ပြန်ထားသည့်ဒေသများတွင် မမျှော်မှန်းနိုင်သော မိုးရေချိန်ပမာဏ ကို ကြုံတွေ့ရမည်ဖြစ်ကြောင်း ဂျပန်မိုးလေဝသ အေဂျင်စီမှ ကူရိုရာ ရူတာက သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။
မိုးရွာသွန်းမှုနှင့် ဆက်စပ်သည့် သဘာဝဘေး အန္တရာယ်များသည် အထူးသဖြင့် တောင်ပြို၊ ရေလွှမ်း မိုးသည့် ဒေသများတွင် ဖြစ်ပွားနိုင်ကြောင်း ၎င်းက ပြောသည်။ အကယ်၍ သဘာဝဘေးသင့်ဒေသများ တွင် နေထိုင်သူများသည် သတ်မှတ်နေရာများသို့ မပြောင်းရွေ့နိုင်ပါက ချောက်ကမ်းပါးလိုမျိုးအန္တရာယ် ရှိသည့်နေရာများကို ရှောင်ရှားကာ ကုန်းမြင့်ပိုင်းတွင် နေထိုင်ရန် ၎င်းက တိုက်တွန်းထားသည်။
မြူနီစီပယ်အရာရှိများက ဒေသခံများကို သဘာဝဘေးကယ်ဆယ်ရေးစခန်းများသို့ ချက်ချင်း သွားရောက်နေထိုင်ရန်လည်း သတိပေးထားသည်။
အင်န်အိတ်ချ်ကေ