ဂျပန်နိုင်ငံ၌ ကုန်တင်သင်္ဘောနှစ်စင်းတိုက်မိပြီး နှစ်ဦးပျောက်ဆုံးလျက်ရှိ

 

တိုကျို  ဖေဖော်ဝါရီ  ၃ 


ဂျပန်  ကုန်တင်သင်္ဘောတစ်စင်း သည်    ဖေဖော်ဝါရီ ၂ ရက်က အနောက်ပိုင်း     အိမဲ့ခရိုင်နှင့် အတန်ငယ်ဝေးသော         ဆီတို ကုန်းတွင်းပင်လယ်၌ တခြား ကုန်တင်သင်္ဘော  တစ်စင်းနှင့် တိုက်မိပြီး နစ်မြုပ်ခဲ့ရာ သင်္ဘော သားနှစ်ဦး  ပျောက်ဆုံးလျက်ရှိ ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့ က ပြောသည်။ 

 


အီမာဘာရီ ကမ်းခြေစောင့် ရုံး၏  ထုတ်ပြန်ချက်အရ ၇၁၆ တန်လေးသော     ကုန်တင် သင်္ဘော  ဆာအီယုသည် ၄၉၉ တန်လေးသော         ကုန်တင် သင်္ဘော   ကိုအိမာရုနှင့်    အိမဲ့ ခရိုင်   အီမာဘာရီမြို့ကမ်းလွန် တစ်နေရာတွင်   ဒေသစံတော် ချိန် ၁၉ နာရီ မိနစ် ၃၀ ခန့်တွင် တိုက်မိခဲ့ကြောင်း   သိရသည်။ 

 


ဆာအီယု ကုန်တင်သင်္ဘော ပေါ်တွင်   သင်္ဘောသား   ငါးဦး လိုက်ပါလာခဲ့ပြီး    ဒေသစံတော် ချိန်  ည  ၉  နာရီမတိုင်မီ   နစ်မြုပ် ခဲ့ကြောင်း   ကမ်းခြေစောင့်တပ်ဖွဲ့ က ပြောသည်။   သင်္ဘောသား သုံးဦးကို     ကယ်တင်နိုင်ခဲ့သော် လည်း   နှစ်ဦးပျောက်ဆုံးလျက် ရှိကြောင်း  ၎င်းတို့က ပြောသည်။ 

 


ကိုအိမာရု  ကုန်တင်သင်္ဘော ပေါ်ရှိ   သင်္ဘောသား   လေးဦးလုံး ဘေးအန္တရာယ်    ကင်းကြောင်း အတည်ပြုခဲ့သည်။ 
လတ်တလောတွင်        အီမာ ဘာရီ  ကမ်းခြေစောင့်တပ်ဖွဲ့သည် ပျောက်ဆုံးနေသော     သင်္ဘော သားနှစ်ဦးကို    အနီးအနားရေပြင် တွင်          လိုက်လံရှာဖွေလျက်ရှိ ကြောင်း သိရသည်။      

 ဆင်ဟွာ