ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံမှုကို တစ်ရက်လျှင် တစ်သန်းအထိ ထိုးနှံပေးနိုင်ရန် ဂျပန်ဝန်ကြီးချုပ် ဆန္ဒရှိနေ

တိုကျို   ဖေဖော်ဝါရီ   ၇


ဂျပန်နိုင်ငံ၌ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး   တတိယအကြိမ် အပိုဆောင်းထိုးနှံမှုကို    တစ်ရက်လျှင် လူဦးရေ တစ်သန်းအထိ ထိုးနှံပေးနိုင်ရန် ဆန္ဒရှိနေကြောင်း    ဂျပန်နိုင်ငံဝန်ကြီးချုပ် ကီရှီဒါက ပြောကြားခဲ့သည်။


အဓိကအခန်းကဏ္ဍကပါဝင်


ဂျပန်ဝန်ကြီးချုပ်   ကီရှီဒါက  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် ထိုးနှံမှုသည်    အဆိုပါ   ရောဂါအား တိုက်ဖျက်ရာတွင် အဓိကအခန်းကဏ္ဍက ပါဝင်လိမ့်မည်ဖြစ်ကြောင်း  ကြေညာခဲ့ သော်လည်း   လက်ရှိတွင်  ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉    ရောဂါ    ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံမှုခံယူထားသူဦးရေ သည်    နိုင်ငံလူဦးရေ     စုစုပေါင်း၏ ခြောက်ရာခိုင်နှုန်းထက်ပင် လျော့နည်းနေ ကြောင်း သိရသည်။


ထို့ကြောင့်    ဂျပန်နိုင်ငံ၌   ယခုလ နောက်ပိုင်းမှစတင်ကာ   တစ်ရက်လျှင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယ အကြိမ် အပိုဆောင်းထိုးနှံမှုကို လူဦးရေ တစ်သန်းအထိ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ကီရှီဒါက ပြောကြားသည်။ ထို့ပြင် ဂျပန်နိုင်ငံအစိုးရ အနေဖြင့် ကာကွယ်ဆေးထိုးနှံချင်သူတိုင်း အား တတ်နိုင်သမျှ မြန်မြန်ထိုးနှံပေးသွား မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြား ခဲ့သည်။
တိုက်တွန်း
ဂျပန်နိုင်ငံ၌  ယနေ့အစောပိုင်းတွင် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင် အများအပြား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး တတိယအကြိမ်အပိုဆောင်းထိုးနှံမှု ခံယူခဲ့ကြောင်းလည်း သိရသည်။ ကိုဗစ်-၁၉ ရောဂါသည် ဂျပန်နိုင်ငံရှိ စာသင် ကျောင်းများနှင့် နေ့ကလေးထိန်းကျောင်း များရှိ ဆရာ ဆရာမများနှင့် မူကြိုကျောင်း ဝန်ထမ်းများအကြားတွင်   ကူးစက်ပျံ့နှံ့ လျက်ရှိခြင်းကြောင့်     ကာကွယ်ဆေး ထိုးနှံမှုကို    အရှိန်မြှင့်လုပ်ဆောင်ရန်လည်း ဂျပန်ဝန်ကြီးချုပ် ကီရှီဒါသည် တိုက်တွန်း ခဲ့ကြောင်း သိရသည်။ 


ဂျပန်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၈၀၀၀ ကျော်နှင့် အဆိုပါ ရောဂါဖြင့် သေဆုံးသူ ၁၁၃ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်းလည်း သိရသည်။ 


ကိုးကား - အင်န်အိတ်ချ်ကေ 
ဘာသာပြန် - အလင်းသစ်