ဂျပန်နိုင်ငံ၌ ကိုဗစ် - ၁၉ နောက်ဆက်တွဲဆိုးကျိုးခံစားရသူများ အစိုးရ၏ထောက်ပံ့မှုတောင်းဆို

 

တိုကျို    ဒီဇင်ဘာ     ၈


ဂျပန်နိုင်ငံ၌     ကိုဗစ် - ၁၉ ၏ နောက်ဆက်တွဲ   ဆိုးကျိုးများကို ကာလရှည်ကြာ   ခံစားရသူများ သည်   အစိုးရထံမှ   အကူအညီ များပိုမိုရရှိရန်   တောင်းဆိုခဲ့ကြ သည်။     ပင်ပန်းနွမ်းနယ်မှုအပါ အဝင် နောက်ဆက်တွဲဆိုးကျိုးများ ခံစားနေရသူများနှင့်    ၎င်းတို့၏ မိသားစုများသးည်     ပြီးခဲ့သည့် လအတွင်း    အဖွဲ့တစ်ဖွဲ့စတင် ဖွဲ့စည်းခဲ့သည်။ ဒီဇင်ဘာ ၈ ရက် တွင်     အဖွဲ့ဝင်     ကိုးဦးသည် ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး   ကာကီမီကီဇိုထံ  အသနားခံစာ တင်ခဲ့သည်။ 


ဘဏ္ဍာရေးထောက်ပံ့မှုရရှိရန် 
အစိုးရထံတောင်းဆို


ကိုဗစ် - ၁၉  ကြောင့်  ကာလ ရှည်ကြာ ဆိုးကျိုးခံစားရသူများ အတွက် ကုထုံးဝန်ဆောင်မှုရရှိရန် နှင့် ဝေဒနာခံစားရသူများအတွက် ဘဏ္ဍာရေး    ထောက်ပံ့မှုရရှိရန် အစိုးရထံ တောင်းဆိုခဲ့ကြသည်။

 
ဘေးကင်းလုံခြုံရေးအစီအမံများ  
ချမှတ်ပေးရန်တောင်းဆို


အချို့သော     လူနာများမှာ  အလုပ်   မလုပ်နိုင်သည့်အတွက်  ဖျားနာမှုအတွက်   အကျိုးခံစားခွင့် နှင့် ခွင့်စရိတ်များရရှိရန်အပါအဝင် ဘေးကင်းလုံခြုံရေး     အစီအမံ များ  ချမှတ်ပေးရန်   တောင်းဆိုခဲ့ ကြသည်။ 


ကိုဗစ် -၁၉ ကူးစက်ခံရမှုအပြီး အခြေအနေ  သို့မဟုတ်  ကာလ ကြာရှည် ကိုဗစ် -၁၉ ရောဂါခံစား ရမှုကို  နှစ်လထက်ကြာမြင့်သည့် ရောဂါခံစားရမှုဟု  ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးက      သတ်မှတ် သည်။ သို့သော်လည်း   မည်သည့် လက္ခဏာများ    ခံစားရခြင်းနှင့် လူဘယ်လောက်များများ ခံစားနေ ရသည်ကိုမူ မသိရသေးချေ။ 


အင်န်အိတ်ချ်ကေ