
တိုကျို ဇူလိုင် ၁၄
ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ပြန်လည်မြင့်တက်လာချိန်တွင် အမြင့်ဆုံးသတိပေးချက်များထုတ်ပြန်ရန် လိုအပ်ကြောင်း ဂျပန် ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက ဇူလိုင် ၁၄ ရက်က ပြောကြားလိုက်သည်။
ဇူလိုင် ၁၄ ရက်က နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၉၇၇၈၈ ဦးရှိ ကြောင်း အစိုးရက အတည်ပြုပြောကြားလိုက်ချိန်တွင် ဂျပန် ဝန်ကြီးချုပ်၏ ယခုကဲ့သို့ မှတ်ချက်စကား ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ဂျပန်နိုင်ငံမြို့တော်တွင် ယခင်က တစ်ခါ မျှမကြုံတွေ့ခဲ့ဖူးသော ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှု ရုတ်တရက်ထိုးတက်လာသည်ကို တွေ့ရှိပြီးနောက် အစိုးရ၏ ကိုဗစ်-၁၉ ကျွမ်းကျင် အဖွဲ့က ဇူလိုင် ၁၄ ရက်က ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုနှင့်ပတ်သက်ပြီး သတိပေးခဲ့သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် လက်ရှိ နှုန်းအတိုင်းသာ ဆက်လက်ကူးစက်ဖြစ်ပွား နေမည်ဆိုပါက သီတင်းပတ်တစ်ပတ်ကြာပြီး နောက် နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အရေ အတွက်သည် ၂၃၀၀၀ ထက် ကျော်လာနိုင် ကြောင်း ကိုဗစ်-၁၉ ကျွမ်းကျင်အဖွဲ့က ပြောသည်။ သီတင်းပတ်နှစ်ပတ်ကြာပြီးနောက် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၅၃၀၀၀ ထက်မနည်း ရှိလာနိုင်ကြောင်း ၎င်းတို့က ပြောသည်။
ဇူလိုင် ၁၄ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၆၆၆၂ ဦး ရှိခဲ့သည်။
ကျန်းမာရေးကျွမ်းကျင်သူများက ကိုဗစ်-၁၉ သတိပေးချက်နှင့်ပတ်သက်ပြီး အဆင့်လေးဆင့် ရှိသည့်အနက် အမြင့်ဆုံးသတိပေးချက် ထုတ်ပြန် ထားသည်။ ဧပြီလမှစပြီး ယခုလိုအမြင့်ဆုံးသတိ ပေးချက်ထုတ်ပြန်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။
ဂျပန်အစိုးရသည် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဆောင်ရွက်ချက်များကို အရှိန်မြှင့်တင် လုပ်ဆောင်လျက်ရှိကြောင်း ကီရှီဒါက ပြောကြား လိုက်သည်။
ဆင်ဟွာ