
တိုကျို ဇန်နဝါရီ ၁၄
ဂျပန်နိုင်ငံတစ်ဝန်း ဇန်နဝါရီ ၁၄ ရက်တွင် ကိုဗစ်-၁၉ ကူးစက်ခံရ သူအသစ် ၁၃၂၀၇၁ ဦး တွေ့ရှိပြီး သေဆုံးသူ ၅၀၃ ဦးရှိကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကိုဗစ်-၁၉ နှင့် ဆက်စပ်ပြီး နေ့စဉ်သေဆုံးမှု အရေအတွက် မှာ ပထမဆုံးအကြိမ်အဖြစ် ၅၀၀ ကျော်သွားခြင်းဖြစ်သည်။ အီးစီ အမ်အို နှလုံး - အဆုတ်စက် များ တပ်ဆင်ထားသောရောဂါ ပြင်းထန်သည့် လူနာအရေအတွက် မှာ ၆၉၃ ဦးရှိပြီး ယမန်နေ့ကထက် နှစ်ဦး လျော့နည်းသွားကြောင်း သိရသည်။
တိုကျိုမြို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူသစ် ၁၀၇၂၇ ဦး ရှိသည်။ နေ့စဉ်ကူးစက်မှု စုစု ပေါင်းမှာ ပြီးခဲ့သည့် သီတင်းပတ် ကထက် ၈၉၀၃ ဦး လျော့နည်း သွားပြီး တစ်ပတ်ထက်တစ်ပတ် လျော့နည်းလာသည်မှာ သုံးရက် ဆက်တိုက်ရှိပြီဖြစ်သည်။ နိုင်ငံ ၏ မြို့တော်တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၃၃ ဦးရှိပြီး ရောဂါ ပြင်းထန်သည့် လူနာအရေ အတွက်မှာ ၄၆ ဦးရှိကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ