ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ခံရသူ  ၃၄၇၉ ဦး ထပ်မံတွေ့ရှိ 

 

 

တိုကျို    ဧပြီ   ၁၈
ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၄၇၉ ဦး ထပ်မံ တွေ့ရှိလာကြောင်း  တိုကျိုမြို့တော် အစိုးရက ဧပြီ ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။  အဆိုပါပမာဏမှာ ပြီးခဲ့သည့် ရက်သတ္တပတ် ကထက်  ၁၀၀၀  ခန့် လျော့နည်းသွားကြောင်း   သိရသည်။
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဧပြီ  ၁၈ ရက်က ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ သုံးဦးရှိကြောင်း  အာဏာပိုင်များက    ထုတ်ပြန် ဖော်ပြထားသည်။ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကိုဗစ်-၁၉  ရောဂါ  ပြင်းထန်စွာ ခံစားနေရပြီး   ECMO နှလုံး- အဆုတ်အထောက်အကူပြု  စက် တပ်ဆင်ထားရသူ အရေအတွက်မှာ  ဧပြီ ၁၇ ရက်က နှစ်ဦးမှ ၁၅ ဦးအထိ လျော့နည်းသွားကြောင်း သိရသည်။
တိုကျိုမြို့တွင်  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှာ အကျဘက်သို့ ဦးတည်နေသော်လည်း ကိုဗစ်-၁၉ ထပ်မံ ကူးစက်ခံရသူ အရေ အတွက်မှာ ဆက်လက်မြင့်မားနေသေးကြောင်း အာဏာပိုင်များက     ပြောကြားသည်။   တိုကျိုမြို့တွင်   နေထိုင်သူများကို   ကိုဗစ်-၁၉      ကာကွယ်ရေး   နည်းလမ်းများအား   ဆက်လက်လိုက်နာရန် အာဏာပိုင်များက တိုက်တွန်းထားသည်။
ဂျပန်နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉  နေ့စဉ် ကူးစက်ခံရသူ အရေ အတွက်မှာ   ၂၄၂၅၈  ဦးရှိပြီး   အဆိုပါပမာဏမှာ   ပြီးခဲ့သည့် ရက်သတ္တပတ်ကထက် ၈၀၀၀ ခန့် လျော့နည်းသွားကြောင်း   သိရ သည်။                        အင်န်အိတ်ချ်ကေ