
တိုကျို ဩဂုတ် ၁၇
ဂျပန်နိုင်ငံသည် ဇူလိုင်လတွင် စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာခြင်း နှင့် ယန်းငွေတန်ဖိုး ကျဆင်းလာခြင်းတို့ကြောင့် သွင်းကုန်တန်ဖိုး ဆက်လက်မြင့်တက်စေသည့်အတွက် ကုန်သွယ်ရေးလိုငွေပြမှု ၁၂ လဆက် ရှိလာပြီဖြစ်ကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ် ၏ ဖော်ပြချက်အရ သိရသည်။
ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပြီးခဲ့သည့်လတွင် ကုန်သွယ်ရေး လိုငွေပြမှု ယန်း ၁ ဒသမ ၄ ထရီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၇ ဘီလီယံခန့်) အထိရှိကြောင်း ပြောသည်။ အဆိုပါ ကုန်သွယ်ရေး လိုငွေပြမှုပမာဏသည် ၁၉၇၉ ခုနှစ်က စတင်စစ်တမ်းအချက်အလက် ကောက်ယူသည့်နောက်ပိုင်း ယခုနှစ် ဇူလိုင်လသည် အမြင့်ဆုံးဖြစ် ကြောင်း သိရသည်။
သွင်းကုန်ကဏ္ဍတွင် ရေနံစိမ်း၊ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့ နှင့် အခြားသော စွမ်းအင်ထုတ်ကုန်များ၏ ဈေးနှုန်းများ မြင့်မားလာ ခြင်းကြောင့် ယခင်နှစ်က အလားတူကာလနှင့် နှိုင်းယှဉ်ကြည့်ပါက ယခုနှစ်တွင် ၄၇ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်။ ပို့ကုန်ကဏ္ဍတွင် မော်တော်ကားများနှင့် ဆီမီးကွန်ဒက်တာ ထုတ်လုပ် ရေးဆိုင်ရာ စက်ပစ္စည်းများ တင်ပို့ရောင်းချမှု အားကောင်းလာသည့် အတွက် ၁၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ