ဂျပန်နိုင်ငံ၌ စက်တင်ဘာ ၉ ရက်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ တစ်သောင်းကျော် ရှိလာ

တိုကျို    ဇန်နဝါရီ    ၁၂


ဂျပန်နိုင်ငံ၌ ဇန်နဝါရီ ၁၂ ရက်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၃၀၀၀ ရှိလာခဲ့ပြီး ယင်းအရေ အတွက်သည် စက်တင်ဘာ ၉ ရက် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ    တစ်သောင်းကျော်ရှိလာခြင်းဖြစ် ကြောင်း ယနေ့ အင်န်အိတ်ချ်ကေသတင်းတစ်ရပ် အရ သိရသည်။
ဂျပန်နိုင်ငံ၏    မြို့တော်   တိုကျိုတွင်လည်း ဇန်နဝါရီ ၁၂ ရက် တစ်ရက်တည်းမှာပင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၁၉၈ ဦး ထပ်မံတွေ့ရှိကြောင်း၊ ယင်းအရေအတွက်သည် ဇန်နဝါရီ ၁၁ ရက် ကူးစက်မှု ထက် နှစ်ဆမြင့်တက်လာကြောင်း၊   လွန်ခဲ့သည့် တစ်ပတ်အတွင်းနှင့်   နှိုင်းယှဉ်ပါက   ငါးဆကျော် မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း   တိုကျိုမြို့တော် အစိုးရက အတည်ပြုပြောကြားသည်။


အိုဆာကာခရိုင်တွင်လည်း ဇန်နဝါရီ ၁၂ ရက် တွင် နေ့စဉ်ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၇၁၁ ဦး    ထပ်မံတွေ့ရှိခြင်းကြောင့်    အဆိုပါခရိုင်၌ စက်တင်ဘာ ၁၅ ရက်နောက်ပိုင်း နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ  တစ်ထောင်ကျော်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။


ထို့ပြင် အိုကီနာဝါခရိုင်၌လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၆၄၄ ဦး   ထပ်မံတွေ့ရှိခဲ့ကြောင်း၊ ယင်းအရေအတွက်သည်   အဆိုပါခရိုင်၏   နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဒုတိယအကြိမ်အမြင့်ဆုံး အခြေအနေသို့   ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 


ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အလင်းသစ်