ဂျပန်နိုင်ငံမြောက်ပိုင်းနှင့် ဂျပန်ပင်လယ်ပြင်တစ်လျှောက် နှင်းမုန်တိုင်းကျနိုင်

 

တိုကျို    ဒီဇင်ဘာ   ၁၃ 


ဒီဇင်ဘာ ၁၅ ရက်အထိ ဂျပန် နိုင်ငံမြောက်ပိုင်းနှင့်     ဂျပန် ပင်လယ်ပြင်တစ်လျှောက် နှင်း မုန်တိုင်း   ကျဆင်းနိုင်ကြောင်း ဂျပန်မိုးလေဝသအရာရှိများက သတိပေးထားသည်။ 

 


လေဖိအားနည်း  ရပ်ဝန်း တစ်ခုနှင့်     လေဆိုင်စုံများက ဂျပန်နိုင်ငံ          အရှေ့ပိုင်းနှင့် မြောက်ပိုင်း ဒေသများကို မိုးရွာ သွန်းမှု       ဖြစ်ပေါ်စေကြောင်း ဂျပန်  မိုးလေဝသအေဂျင်စီက ပြောကြားလိုက်သည်။    လတ် တလောတွင်     ဟော့ကိုင်းဒိုး၊ တိုဟိုကူဒေသနှင့် တောင်ကုန်း ထူထပ်သော   ကန်တိုဒေသတို့ တွင် ဆီးနှင်းများ ကျဆင်းလျက် ရှိသည်။ 
ဆောင်းရာသီ လေဖိအား နည်းရပ်ဝန်းက     ဂျပန်နိုင်ငံ မြောက်ပိုင်း၊ ဟိုကူရီကူနှင့်  ဂျပန် ပင်လယ်ပြင်တစ်လျှောက် အအေး ပိုလာနိုင်စေကြောင်း  မိုးလေဝသ အေဂျင်စီမှ အရာရှိများက   ပြော ကြားလိုက်သည်။ 
ဆောင်းရာသီ၏    ပြင်းထန် သော  လေအေးများက   အဆိုပါ ဒေသများဆီသို့ ရွေ့လျားသွားမည် ဖြစ်ကြောင်း    အရာရှိများက   ဆက်လက်     ပြောကြားလိုက် သည်။            

အင်န်အိတ်ချ်ကေ