ဂျပန်နိုင်ငံမြောက်ပိုင်း ဆီးနှင်းများ ထူထပ်စွာကျရောက်

 

တိုကျို   ဇန်နဝါရီ   ၁၂ 


နှင်းမုန်တိုင်းများသည် ဂျပန်နိုင်ငံမြောက်ပိုင်းနေရာအချို့ကို ကျရောက်လျက်ရှိသည်။ မိုးလေဝသအရာရှိ များက နိုင်ငံ့နေရာအများအပြားတွင်   ဆီးနှင်းများထူထပ်စွာကျရောက်နိုင်ကြောင်း     သတိပေးထား သည်။ 

 

ဟော့ကိုင်းဒိုးခရိုင် မြောက်ဘက် ယွန်းယွန်းရှိ ကွတ်ချန်မြို့တွင် ဇန်နဝါရီ ၁၂ ရက် ညနေ ၅ နာရီ အထိ သုံးနာရီကြာ  ကျဆင်းခဲ့သော  နှင်းထုသည် ၁၂ စင်တီမီတာအထိရှိခဲ့သည်။ ထို့အတူ   ဖူကူရှီမာ ခရိုင်ရှိ တီနီအီရွာတွင် ကိုးစင်တီမီတာ၊ ယာမာဂါတာ ခရိုင်ရှိ နာဂါအီမြို့တွင် ၈ စင်တီမီတာအထိ ကျဆင်း ခဲ့သည်။ 

 


ကမ်းရိုးတန်းဒေသများတွင်လည်း လေပြင်းများ တိုက်ခတ်လျက်ရှိသည်။ ဟော့ကိုင်းဒိုးရှိ ဝါကာနာအီ မြို့တွင် လေပြင်းများသည် တစ်နာရီလျှင် ၁၂၀ ကီလို မီတာနီးပါး တိုက်ခတ်ခဲ့သည်။ 

 


ဂျပန်နိုင်ငံအရှေ့ပိုင်းမှ အနောက်ပိုင်းအထိ  ဂျပန် ကမ်းရိုးတန်းတစ်လျှောက်တွင် ဇန်နဝါရီ ၁၃ ရက်တွင် နှင်းများထူထပ်စွာကျဆင်းနိုင်ကြောင်း ခန့်မှန်းထား သည်။ 

 


တိုဟိုကူဒေသနှင့် နီအီဂါတာခရိုင်တို့တွင် ဇန်န ဝါရီ ၁၃ ရက်ညနေအထိ ၂၄ နာရီအတွင်း နှင်းကျဆင်း မှုသည် ၆၀   စင်တီမီတာရှိမည်ဟု ခန့်မှန်းထားပြီး ဟော့ကိုင်းဒိုးနှင့် ဟိုကူရီကူတို့တွင် ၅၀ စင်တီမီတာ၊ ကန်ဇိုင်းဒေသနှင့် ဂီဖုခရိုင်တို့တွင် ၄၀စင်တီမီတာ၊ ကန်တိုကိုရှင်နှင့် ချူဂိုကူဒေသများတွင် ၃၀ စင်တီ မီတာစီ အသီးသီးဖြစ်မည်ဟု ခန့်မှန်းထားသည်။ 

 


နှင်းကျဆင်းသည့်ဒေသများတွင်သာ နှင်းများထူထပ်စွာကျဆင်းမည်ဖြစ်သည်။ မြောက်ပိုင်းကျူရှု နှင့် ရှီကိုကုဒေသများတွင် ဇန်နဝါရီ ၁၃ ရက် ညနေ ပိုင်းအထိ ၂၄ နာရီအတွင်း ၁၀ မှ ၁၅ စင်တီမီတာအထိ ဆီးနှင်းများကျဆင်းနိုင်ခြေရှိသည်။ 


အင်န်အိတ်ချ်ကေ