ဂျပန်နိုင်ငံမှ သိရီလင်္ကာနိုင်ငံသို့ ကိုဗစ် - ၁၉ ကာကွယ်ဆေးများ ပေးပို့

 

တိုကျို  ဩဂုတ်  ၁ 


ဂျပန်နိုင်ငံမှ ပေးပို့လိုက်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးပထမအသုတ်ကို  သီရိလင်္ကာနိုင်ငံမှ လက်ခံရရှိခဲ့ ကြောင်း၊   အပြည်ပြည်ဆိုင်ရာ  မူဘောင်အောက်မှတစ်ဆင့်  ၎င်းကာကွယ်ဆေးများ ပေးပို့ပေးခဲ့ခြင်း ဖြစ်ကြောင်း အင်န်အိတ်ချ်ကေ သတင်းတွင် ဖော်ပြသည်။
ဂျပန်နိုင်ငံသည်  ကိုဗက်အစီအစဉ်မှတစ်ဆင့်  နိုင်ငံပေါင်း ၁၅ နိုင်ငံသို့  အက်စ်ထရာဇနီကာ ကိုဗစ်- ၁၉ ကာကွယ်ဆေး ၁၁ သန်း ပေးပို့သွားရန် စီစဉ်ထား သည်။ ထိုထဲမှ သီရိလင်္ကာနိုင်ငံသို့ ကာကွယ်ဆေး ၁ ဒသမ ၅ သန်း ပေးသွားမည်ဖြစ်သည်။  

 


ပထမဆုံးအသုတ်အဖြစ် ကာကွယ်ဆေးပေါင်း ခုနစ်သိန်းကို သီရိလင်္ကာနိုင်ငံရှိ အကြီးဆုံး မြို့ဖြစ် သည့် ကိုလံဘိုမြို့သို့  ဩဂုတ် ၃၁ ရက်တွင် ပေးပို့ခဲ့ သည်။ ကျန်းမာရေးဝန်ကြီး   ပါဗီသရာ  ဝန်နီရာဝန်ချီ က ကာကွယ်ဆေးများ လက်ခံရရှိသည့်အတွက် ဂျပန် အစိုးရကို ကျေးဇူးတင်ကြောင်းပြောခဲ့သည်။ 
သီရိလင်္ကာနိုင်ငံသည်   မတ်လမတိုင်မီကလည်း အိမ်နီးချင်းအိန္ဒိယနိုင်ငံမှ ပေးပို့သည့် အက်စ်ထရာ ဇနီကာ ကာကွယ်ဆေးများကို လက်ခံရရှိခဲ့သည်။  
သီရိလင်္ကာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုများ များပြားလာပြီး   အိန္ဒိယမှပေးပို့သည့်  ဆေးများ ရပ်တန့်သွားသည့်အခါ ဂျပန်နိုင်ငံသို့ အကူအညီ တောင်းခဲ့သည်။   နိုင်ငံအတွင်း   ဒုတိယအကျော့  ကာကွယ်ဆေးအထိုးခံရန် စောင့်ဆိုင်းနေသူ ငါးသိန်း ကျော်ရှိသည်။                            

 

အင်န်အိတ်ချ်ကေ