ဂျပန်နိုင်ငံလူဦးရေ၏ တစ်ဝက်ကျော်အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပေးပြီးဖြစ်

တိုကျို  စက်တင်ဘာ  ၁၃


ဂျပန်နိုင်ငံလူဦးရေ၏   တစ်ဝက်ကျော် အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး    နှစ်ကြိမ်ထိုးနှံပေးပြီးဖြစ်ကြောင်း  ဂျပန် နိုင်ငံအစိုးရ၏  အချက်အလက်များအရ သိရသည်။


ဂျပန်နိုင်ငံ၌ ယနေ့အထိ နိုင်ငံလူဦးရေ စုစုပေါင်း၏ ၅၀  ဒသမ ၉ ရာခိုင်နှုန်း သို့မဟုတ် နိုင်ငံလူဦးရေ၏ ၆၄ ဒသမ  ၅   ရာခိုင်နှုန်းနီးပါးအား    ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်  ထိုးနှံပေးပြီးဖြစ် ကြောင်း  ဂျပန်အစိုးရက  ပြောကြားသည်။


ဂျပန်နိုင်ငံလူဦးရေ   ၇၉ ဒသမ ၈ သန်းနီးပါး  သို့မဟုတ်  နိုင်ငံလူဦးရေ၏  ၆၃ ရာခိုင်နှုန်းသည်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအနည်းဆုံးတစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်းလည်း  ဂျပန်နိုင်ငံအစိုးရ က ပြောကြားသည်။ ဂျပန်နိုင်ငံအစိုးရသည် အောက်တိုဘာလကုန်ပိုင်း   သို့မဟုတ်   နိုဝင်ဘာလအစောပိုင်းကာလအတွင်း    နိုင်ငံသားအားလုံးအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  အပြီးတိုင်ထိုးနှံပေးနိုင်ရန်  ရည်ရွယ်ထားကြောင်း သိရသည်။

ထို့ပြင်      ဂျပန်နိုင်ငံအစိုးရသည်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူများနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု လက္ခဏာမရှိကြောင်း   ပြသနိုင်သူများ ခရီးသွားလာခွင့်၊   အခမ်းအနားကျင်းပခွင့် စသည့်   ကိုဗစ်-၁၉  ရောဂါ   ဆိုင်ရာ ကန့်သတ်ချက်များကို  ဖြေလျှော့ပေးရန်     စီစဉ်လျက်ရှိကြောင်း သိရသည်။ 


ကိုးကား - အင်န်အိတ်ချ်ကေ
 ဘာသာပြန် - အလင်းသစ်